Pages
Sunday, June 26, 2016
လုံခြုံရေးပူပန်နေရသဖြင့် သူရဲသမိန်စံပြရွာတွင် နေရပ်စွန့်ခွာသည့်မွတ်စလင်မ်များရှိလာ
အစ္စလာမ်ဘာသာဝင်များရဲ့ဗလီဝတ်ကျောင်းတော်ကိုဖျက်ဆီးနေကြသူများကိုတွေ့ရစဉ်
RangonNewsDaily::Sunday. June 26. 2016 
အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် အစ္စလာမ်ဘာသာဝင်များယနေ့နံနက်မှစတင်ကာ သူရဲသမိန် ရွာအတွင်းပြန်လည်နေထိုင်သူများရှိပြီဖြစ်သော်လည်း အချို့မှာ လုံခြုံရေးစိတ်မချရမှုကြောင့် နေရပ်စွန့်ခွာသူများရှိနေသဖြင့် ပြန်လည်နေထိုင်ခွင့်မရတော့မည်ကိုစိုးရိမ်ပူပန်သူများရှိနေကြောင်း ဒေသခံများက Myanmar Muslim Media သို့ပြောသည်။
“မနေ့ညနဲ့ဒီမနက်မှာတင် ထွက်သွားတဲ့ မိသားစု လေး ငါးစုလောက်ရှိနေပြီလို့ကြားတယ်။ကျွန်တော်တို့ကိုယ်တိုင်လည်း အိမ်ထဲကအိမ်ပြင်မထွက်ရဲသေးဘူး။အခုလိုခနဆိုပြီးရှောင်တဲ့သူတွေများလာရင် ပြန်နေလို့မရတော့မှာကိုစိုးရိမ်တယ်”ဟု လုံခြုံရေးအရ အမည်မဖေါ်လိုသူတစ်ဦးကပြောသည်။
 အစ္စလာမ်ဘာသာဝင်များရဲ့ဗလီဝတ်ကျောင်းတော်ကိုဖျက်ဆီးနေကြသူများကိုတွေ့ရစဉ်
 အစ္စလာမ်ဘာသာဝင်များရဲ့ဗလီဝတ်ကျောင်းတော်ကိုဖျက်ဆီးနေကြသူများကိုတွေ့ရစဉ်
 အစ္စလာမ်ဘာသာဝင်များရဲ့ဗလီဝတ်ကျောင်းတော်ကိုဖျက်ဆီးနေကြစဉ်
 အစ္စလာမ်ဘာသာဝင်များရဲ့ဗလီဝတ်ကျောင်းတော်ကိုဖျက်ဆီးနေကြသူများကိုတွေ့ရစဉ်
ယမန်နေ့ကဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် လုံခြုံရေးတာဝန်ယူသူများကအကောင်းဆုံးထိန်းကျောင်းခဲ့သော်လည်း အကြမ်းဖက်သည့်လူအုပ်နှင့်အင်အားချင်းလွန်စွာကွာဟနေခဲ့သဖြင့် ဗလီဝတ်ကျောင်းတော်အပါအ၀င်အဆောက်အအုံများဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟုဒေသခံများကသုံးသပ်သည်။
အကြမ်းဖက်မှုမဖြစ်ပွားမှီကတည်းက ဟာဂျီ ဦးရရှစ်ဆောက်လုပ်သည့်အဆောက်အအုံသစ်ကို ဗလီအသစ်ဖြစ်သည်ဟု ကောလဟလများထွက်ပေါ်ခဲ့သဖြင့်လွန်ခဲ့သည့် ဧပြီလက အဆိုပါအဆောက်အအုံကို ဘာသာရေးနေရာအဖြစ်အသုံးပြုမည်မဟုတ်ကြောင်း ပိုင်ရှင်ဖြစ်သူနှင့် ဒေသဗလီဆရာတို့က အာမခံလက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
ဗလီအသစ်ဆောက်မည်ဟူသော ကောလဟလများအဆက်မပြတ်ထွက်ပေါ်ခဲ့ပြီး ဟာဂျီဦးရရှစ်အား ရန်စမှုများအကြိမ်ကြိမ်ပြုလုပ်ခံခဲ့ရပြီး ယမန်နေ့တွင် ဌင်း၏ အိမ်နီးချင်းဖြစ်သူ မခင်သီတာထွေးဆိုသူနှင့် စတင်ခိုက်ရန်ဖြစ်ပွားပြီးနောက် အထက်ပါအတိုင်းအကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့နေ့လည်က သူရဲသမိန်စံပြရွာတွင်ဖြစ်ပွားသည့် အကြမ်းဖက်မှုအတွင်း ဗလီဝတ်ကျောင်းတော်တစ်လုံး၊မဒရဆာတစ်ခု၊ဟာဂျီ ဦးရရှစ်ပိုင်နေအိမ်နှင့်ဆိုင်ခန်းအပြင် ဌင်းပိုင် ဆောက်လက်စအဆောက်အအုံတစ်ခု၊ဒေသရှိ မွတ်စလင်မ်သင်္ချိုင်း တို့ဖျက်ဆီးခံခဲ့ရသည်။
ဖျက်ဆီးခံခဲ့ရသည့် ဗလီဝတ်ကျောင်းတော်အတွင်းပိုင်းနှင့် ဟာဂျီ ရရှစ်ပိုင်ဆောက်လုပ်ဆဲ အဆောက်အဦးတို့ကို ဇွန်လ ၂၄ ရက်နေ့နံနက်ပိုင်းက တွေ့ရပုံ။
ဟိန်းအောင်
ဓာတ်ပုံ Myanmar Muslim Media CJ
0 comments:
Post a Comment