Pages

Sunday, June 26, 2016

ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ် ဝင်တိုက် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ


RangonNewsDaily::Sunday. June 26. 2016
ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၉၂ အနီး ယနေ့ (ဇွန်လ၂၆ ရက်) နံနက် ၃ နာရီခွဲခန့်က လေအိတ်ပေါက်၍ လမ်းဘေးရပ်ကာ ပြင်နေသော ရွှေမန္တလာ ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ် တစ်စင်းက အရှိန်ဖြင့် ဝင်ရောက်တိုက်ခဲ့ရာ ကုန်တင်ယာဉ်မောင်း သေဆုံးပြီး ရွှေမန္တလာယာဉ်မှ ယာဉ်နောက်လိုက် တစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း ပလွေး အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။


“ကျွန်မတို့ ရောက်တော့ ကုန်ကား ဒရိုင်ဘာက ယာဉ်ရှေ့ခန်းထဲမှာ ညှပ်ပြီး သေဆုံးနေပါပြီ။ လေအိတ်ပျက်လို့ ပြင်ဆင်နေတဲ့ စပယ်ယာက ဦးခေါင်း ပေါက်ပြဲပြီး ခြေထောက်ကျိုးသွားလို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးကို ပို့ဆောင်ကုသထားရပါတယ်”ဟု နေပြည်တော် အမြန်လမ်း ကြက်ခြေနီစခန်း အရေးပေါ် လူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျာ ဒေါ်နီနီမိုးက ပြောသည်။
.
ရွှေမန္တလာ ခရီးသည်တင်ယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့သည့် ဒိုင်နာယာဉ်မောင်း ဦးကျော်ဖြိုးဆိုသူကို ပလွေး အမြန်လမ်း ရဲတပ်ဖွဲ့ စခန်းမှ ယာဉ်(ပ)၂၁ / ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄ - က / ၃၃၇ / ၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ အမြန်လမ်းရဲတပ်ဖွဲ့ စခန်းမှ စုံစမ်း သိရှိရသည်။
ဓာတ်ပုံ - နေပြည်တော် ကြက်ခြေနီစခန်း / The Voice

KOLATT(PBDN)

RangonNewsDaily






0 comments:

Post a Comment