Pages

Sunday, June 26, 2016

ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့မှာဆွမ်းခံကြွ ကိုရင်နှစ်ပါးကို တိုက်ပြီးထွက်ပြေးသည့်ကား ဖမ်းမိပြီ


RangonNewsDaily::Sunday. June 26. 2016 
ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့မှာ ကိုရင် နှစ်ပါးကို တိုက်ပြီးထွက်ပြေးသွားတဲ့ ကားကို ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့ဝင်တွေက ကျောက်တံခါးမြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။-





ဒီနေ့မနက်အစောပိုင်း ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲစခန်းရဲ့မြောက်ဘက် ၁ ဖာလုံလောက်အကွာ ရန်ကုန် -မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၂/၀ နဲ့ ၁၃၂/၁ အကြားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။-
.
ဖြစ်စဉ်မှာ ကညွတ်ကွင်းမြို့နယ် ပိတ်ဖြူတောရ ဘုန်းတော်ကြီးကျောင်းက သံဃာတော်တွေ ဆွမ်းခံကြွလာစဉ် မန္တလေးဘက်ကနေ မောင်းနှင်လာတဲ့ ကားက ဝင်တိုက်သွားကာ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။-
.
ယာဉ်တိုက်မှုကြောင့် ကိုရင်ဒီပ အသက် ၁၂ နှစ်နဲ့ ကိုရင် စန္ဒာသီရိ ၁၃ နှစ်တို့ အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူသွားတယ်လို့ ကညွတ်ကွင်း ရဲစခန်းက ပြောပါတယ်။
ယာဉ်မောင်းဖြစ်သူကို ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းမှ ယာဉ်(ပ) ၅ /၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/ ၃၀၄ .က အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သတင်း ကျော်အောင် (ကညွတ်ကွင်း )/ DVB

KOLATT(PBDN)

RangonNewsDaily




0 comments:

Post a Comment