Pages

Monday, June 27, 2016

သူရဲသမိန်ရွာမှ မွတ်စလင်မ် ၇၅ ရာခိုင်နှုန်းခန့်ခေတ္တရည်ရွယ်ချက်ဖြင့်နေရပ်စွန့်ခွာမှုဖြစ် စုံစမ်းရေးစတင်သဖြင့် အကြမ်းဖက်ကျော်ဇောအချို့ ထွက်ပြေးတိမ်းရှောင်ပြီ

လုံခြုံရေးစိုးရိမ်မှုကြောင့် နေရပ်ကိုခေတ္တစွန့်ခွာနေသည့်အစ္စလာမ်ဘာသာဝင်များကို ဇွန်လ ၂၅ ရက်နေ့ကတွေ့ရပုံ၊ဓာတ်ပုံ ( Aung Naing Soe/Coconuts Media)

RangonNewsDaily::Sunday. June 26. 2016
လုံခြုံရေးတိုးမြှင့်ချထားမှုရှိသော်လည်း စိုးရိမ်ထိတ်လန့်မှုကြောင့် သူရဲသမိန် မှနေရပ်စွန့်ခွာသည့်အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၂၀၀ကျော်ရှိပြီး ကျန် ရှိသည့် ၆၈ ဦးမှာလည်း အမှတ် ၂ ရပ်ကွက်အတွင်း နေရာအချို့ကိုသာသွားလာမှုပြုနိုင်သေးကြောင်း ဒေသခံများက Myanmar Muslim Media သို့ပြောသည်။

“ရွာထဲကလူတွေကို တဖွဲဖွဲနဲ့စစ်နေတာတွေ့တယ်။နယ်မြေအခြေအနေကတော့အေးချမ်းတဲ့ပုံကိုတွေ့နေရတယ်။..ဆန်းဝင်းနိုင်ဆိုတဲ့ပုဂ္ဂိုလ်ရယ်၊ကိုထိုက်ဆိုတဲ့ပုဂ္ဂိုလ်ရယ် ပြီးတော့ ဗလီဖျက်တဲ့အင်္ကျီအနီနဲ့ကောင်( ဇေယျာထွန်း)တို့တော့ပြေးကြပြီ”ဟု လုံခြုံရေးအရ အမည်မဖေါ်လိုသူဒေသခံတစ်ဦးကပြောသည်။
 လုံခြုံရေးစိုးရိမ်မှုကြောင့် နေရပ်ကိုခေတ္တစွန့်ခွာနေသည့်အစ္စလာမ်ဘာသာဝင်များကို ဇွန်လ ၂၅ ရက်နေ့ကတွေ့ရပုံ၊ဓာတ်ပုံ ( Aung Naing Soe/Coconuts Media)
 ဗလီဖျက်ရာတွင်အောင်ပွဲခံသည့်ပုံတင်ခဲ့သူ ဇေယျာထွန်း (သီးနှံရောင်းသမား ၊သူရဲသမိန် အမှတ် ၆ ရပ်ကွက်နေသူ)

လုံခြုံရေးစိုးရိမ်မှုကြောင့် နေရပ်ကိုခေတ္တစွန့်ခွာနေသည့်အစ္စလာမ်ဘာသာဝင်များကို ဇွန်လ ၂၅ ရက်နေ့ကတွေ့ရပုံ၊ဓာတ်ပုံ ( Aung Naing Soe/Coconuts Media)
သူရဲသမိန်ကျေးရွာသည် ရပ်ကွက် ၁၀ ရပ်ကွက်ရှိပြီး အိမ်ခြေ စုစုပေါင်း ၁၅၇၀ နှင့် လူဦးရေ ၉ ၀၀၀ ခန့်နေထိုင်သည့်ကျေးရွာကြီးဖြစ်ဖြစ်သည့်အနက် အစ္စလာမ်ဘာသာဝင်အိမ်ခြေမှာ ၄၆ လုံးသာရှိပြီး မွတ်စလင်မ် ဦးရေသည် ၂၈၀ ဦးဝန်းကျင်သာရှိသည်။

ကျေးရွာနေမွတ်စလင်မ် ဦးရေ ၂၈၀ ၀န်းကျင်အနက် ၆၈ ဦး(၂၄ဒသမ ၃ ရာခိုင်နှုန်း)သာကျန်ရှိသဖြင့် မူရင်းလူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ သိမ်ဇရပ်၊ဝေါ၊မုတ္တမ၊မြစ်ကျိုး၊ရန်ကုန် စသည့်အခြားဒေသများသို့ခေတ္တတိမ်းရှောင်နေကြခြင်းဖြစ်သည်။
“မွတ်စလင်မ်အိမ် ၄၆ အိမ်လုံးက ဗလီပတ်ချာလည်မှာပဲရှိတာ၊
ဒါ့ကြောင့်အမှတ် ၂ ရပ်ကွက်ထဲကကိုယ့်အပိုင်းလောက်ပဲသွားရဲကြတယ်။အပြင်ရပ်ကွက်တွေမသွားရဲဘူး။အရင်တုန်းကတော့ ရယ်ကာမောကာနဲ့သွားလာခဲ့ကြတာ”ဟုဒေသခံမွတ်စလင်မ်တစ်ဦးက လက်ရှိအနေအထားကိုပြောသည်။
ဈေးဝယ်ရန်အခက်အခဲရှိသဖြင့်လက်ကျန်အစားအစာများနှင့် မဒေါက်ဘက်မှ စက်လှေဖြင့်ရောက်ရှိလာသည့်အစားအသောက်များကိုသာ အားပြုစားသောက်နေရသည်ဟုလည်းသိရသည်။

ယခုလ ၂၃ ရက်နေ့က သူရဲသမိန်ကျေးရွာတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူများအနက် အချို့မှာ ဦးမောင်ပြုံး(လယ်ယာလုပ်ငန်း) နိုင်လင်း(အိမ်ဆောက်ပစ္စည်းရောင်းသူ)၊ကိုထိုက်၊ဆန်းဝင်းနိုင်(စက်လှေသမား)၊ဦးဝင်းလှ၊နိုင်လင်းအောင်(ရေလုပ်သား)၊ကိုမင်းအောင်(လက်သမား)၊မော်စီ(လောင်းကစားဒိုင်)၊ကိုဟိန်း(ဈေးသည်)၊ဦးတင်ဦး(အုပ်ချုပ်ရေးပိုင်းနှင့်နီးစပ်သူ) ၊ထူးပြည့်အောင်(ဓာတ်ပုံဆရာ)၊ ဇေယျာထွန်း(သီးနှံရောင်းသူဈေးသည်)စသည့် ပုဂ္ဂိုလ်များအနက် NLD ပါတီနှင့်ပတ်သက်သူမှာအများစုဖြစ်သည်ဟု ဒေသခံအချို့ ကMyanmar Muslim Media သို့အခိုင်အမာပြောကြားထားသည်။
ဟိန်းအောင်
Myanmar Muslim Media




0 comments:

Post a Comment