Pages

Monday, June 27, 2016

မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် မီးလောင်မှု့ လူတစ်ဦးသေဆုံး


ယနေ့ နံနက် မော်လမြုင်မြို့ မီးလောင်မှု ဖြစ်စဉ် နောက်ဆက်တွဲ သတင်း
Monday. June 27. 2016

27.6.2016 ရက်နေ့ 09:30 AM အချိန်ခန့်တွင် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် ပုလဲလမ်း အိမ်အမှတ် ၃၄၊ ဒေါ်စန်းစန်းဝင်း (၅၅) နှစ် (ဘ) ဦးစံယုံ အထက ၆ အလယ်တန်းပြ ဆရာမ၏ နေအိမ်မှ နောက်ဖေးခန်းတွင် ထားရှိသော မီးအားမြှင့်စက် အပူလွန်ကဲပြီး ဝါယာကြိုးများအား မီးစတင် လောင်ကျွမ်းရာမှ တဆင့် အနီးရှိ တင်ဒါဘူးအား ကူးစက်၍ မီးလောင်ကျွမ်းမှု့ ဖြစ်ပွားခဲ့ပါသည်။
မီးလောင်ကျွမ်းမှု့ကြောင့် အုတ်ကြွပ်မိုး ပျဉ်ကာ ပျဉ်ခင်း ၃ ပင် ၂ခန်း အိမ်မှာ မီးလောင်ဆုံးရှုံးခဲ့ပြီး နေအိမ်နောက်ခန်း ကုတင်ပေါ်တွင် ဆရာမ ဒေါ်စန်းစန်းဝင်း ၏ တူဖြစ်သူ ဇင်နိုင်ဝင်း (ခ) သားကြီး အသက် ၃၅ နှစ် (ဘ) ဦးမြင့်မော်အေး၊ မွေးရာပါ ပိုလီယို ရောဂါရှိသူ မှာ မီးလောင်ကျွမ်း၍ သေဆုံးမှု့ ဖြစ်ခဲ့ပါသဖြင့် ရဲဆေးစားဖြင့် ဆေးရုံကြီးသို့ ပို့ဆောင် ထားရှိပြီး ဆုံးရှုံးမှု့တန်ဖိုး ၉၁၀၀၀၀ ကျပ်ခန့် ဖြစ်ပေါ် ခဲ့ပါသည်။
















အဆိုပါမီးလောင်ရာနေရာသို့ ပြည်နယ်/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ စခန်းမှုး ဒုရဲမှုး မောင်မောင် ဦးစီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ရတဖ (၁၅)မှ ဒုရဲမှုး ဇော်ဝမ်း ဦးစီး ရဲတပ်ဖွဲ့ဝင် ၃၀ ဦး၊ ပြည်နယ်မီးသတ် ဦးစီးမှုး ဦးသောင်းထိုက်၊ ခရိုင်မီးသတ်ဦးစီးမှုး ဦးရဲအောင်၊ မြို့နယ်မီးသတ်ဦးစီးမှုး ဦးဇော်ရဲလင်း အပါအဝင် သန္ဓေတပ်ဖွဲ့ဝင် ၃၅ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ မီးသတ်ယာဉ် ၁၂ စီး၊ အုပ်ချုပ်မှု့ယာဉ် တစ်စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၁၀:၁၅ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
.
ဖြစ်စဉ်နှင့်ပတ်သတ်၍ လျှပ်စစ်မီးအား ပေါ့ဆစွာ အသုံးပြုခဲ့သူ ဒေါ်စန်းစန်းဝင်း (၅၅)နှစ်၊ (ဘ)ဦးစံယုံ အထက ၆ အလယ်တန်းပြဆရာမအား မြို့မရဲစခန်း (ပ)၃၈၄ ပြစ်မှု့ပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှု့ဖွင့်လှစ် အရေးယူထားကြောင်း သိရှိရပါသည်။
Credit: ဟန်ကို ဟန်ကို
KOLATT(PBDN)

RangonNewsDaily





0 comments:

Post a Comment