Pages

Monday, June 27, 2016

မိခင်က သားမိုက်အရင်းကို ဓါးဖြင့်ဆုံးမလိုက်သော လူသတ်မှု


RangonNewsDaily::Monday. June 27. 2016 
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သာဝတ္ထိကျေးရွာ၌ ဇွန်(၂၅)ရက်နေ့ ည(၁၁)နာရီခွဲခန့်က မိခင်က သားမိုက်အရင်းကို ဓါးဖြင့်ဆုံးမလိုက်သော လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဖဦးစိန်လင်း+အမိဒေါ်မြမြမော်တို့၏သား သန်းမင်းဦးမှာ အရက်သေစာများသောက်စားမှုးယစ်ပြီး ပတ်ဝန်ကျင် ဆွေမျိုးများ မိဘ ညီအစ်ကို မောင်နှမများ အပေါ် နေ့စဉ်ရက်ဆက် လိုလို ဒုက္ခအမျိုးမျိုးပေး လျက် ရှိပြီး သီးခံလာခဲ့ကျရာမှ ဇွန်(၂၅)ရက်နေ့ ညနေ (၄) နာရီ ခန့်က ဖခင်ဖြစ်သူဦးစိန်လင်းမှာ စိုက်/ဘဏ် ချေးငွေ ထုတ်ပြီး ပြန်လာစဉ် မိခင်ဖြစ်သူ ဒေါ်မြမြမော် နှင့် သားဖြစ်သူ သန်းမင်းဦးတို့မှာ ဖုန်းပျောက်သည့် ကိစ္စနှင့် ပတ်သက်၍ နေအိမ်၌ စကားများ ရန်ဖြစ်နေကျသည်ကို ဝင်ရောက် ဖြန်ဖြေခြင်း မပြုတော့ဘဲ တူမတော်သူ အိမ်သို့ သွားရောက်နေခဲ့ပြီး ည(၁၁)နာရီခန့်မှ နေအိမ်သို့ ပြန်လာခဲ့ရာ သားဖြစ်သူက တောင်းဘက် ခုံတန်းလျား၌ အိပ်နေပြီး ဇနီးဖြစ်သူမှာ မြောက်ဘက် ခုံတန်းလျားတွင် မျက်နှာချင်းဆိုင် အိပ်နေကြသည်ကို တွေ့ရှိရသဖြင့် အိပ်ယာဝင်ခဲ့သည်။



၎င်းနောက် နာရီဝက်ခန့်အကြာတွင် "တခွပ် ခွပ်" ခုတ်သံ ကြား၍ လန့်ပြီထကြည့်ရာ ဇနီးဖြစ်သူ ဒေါ်မြမြမော်မှာ သားဖြစ်သူ သန်းမင်းဦး၏ လည်ပင်ကို ထင်းခုတ်ဓါးမဖြင့် ခုတ်သတ် နေသည်ကို တွေ့ရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး ရဲစခန်းသို့ တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ဦးမြို့မရဲစခန်းမှ အမှုအမှတ် (ပ) ၁၆၃/၂၀၁၆ ပုဒ်မ-၃၀၂ အရ တရားခံ ဒေါ်မြမြမော် (၅၀)နှစ် (ဘ)ဦးသန်းစိန် တောင်သူ သာဝတ္ထိ ကျေးရွာ နေသူအား အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း သတင်းရရှိသည်။
Credit: Chit San
via-Han Ko Ko Tun

KOLATT(PBDN)

RangonNewsDaily





0 comments:

Post a Comment