Pages

Friday, March 25, 2016

ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ Zaventem လေဆိပ်အဆောက်အအုံတွင် ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားရာ လူ ၃၇ဦးသေဆုံးပြီး ၁၅၀ ဦး ဒဏ်ရာရ


RangonNewsDaily::March . 25 .2016
ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ Zaventem လေဆိပ်အဆောက်အအုံမှာ မတ်လ ၂၂ရက်နေ့ နေ့လည်က ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားရာ လူ ၁၁ဦးသေဆုံးပြီး ၂၀ဦး ဒဏ်ရာရသွားတယ်လို့ ဘယ်ဂျီယံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ ခရီးသည်များပြန်လည်ထွက်ခွာပြုမည့် Departure ဧရိယာတွင် ဖြစ်ကြောင်းလည်း လူမှုကွန်ရက်များတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၄ရက် ဘယ်ဂျီယံရဲတပ်ဖွဲ့က က ပါရီအကြမ်းဖက်မှု၏ ကြိုးကိုင် Salah Abdeslam နှင့် အဖွဲ့ကို ၀င်ရောက်စီးနင်းဖမ်းဆီးပြီးနောက် ယခုလို ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပါတယ်။ ယခုအခါမှာ လေယာဉ်များထွက်ခွာခွင့်ပိတ်လိုက်ပြီး လေယာဉ်ကွင်းထဲရှိ လူများကိုရွေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုမှာ အကြမ်းဖက်သမားတို့ လက်ချက်ဟု ဘယ်လ်ဂျီယံအာဏာပိုင်တို့က တရားဝင်ပြောဆိုလိုက်သလို EU အဖွဲ့အစည်းများ ရုံးစိုက်ရာ ဘူတာရုံအနီးတွင်လည်း ပေါက်ကွဲမှုဖြစ်ပွား ကြောင်း လူမှုကွန်ယက်များတွင် ဖော်ပြထားပါတယ်။
.
ဘရပ်ဆဲလ်မြို့လေဆိပ်ဗုံးခွဲတိုက်ခိုက်မှု၌ သေဆုံးသူ အရေအတွက်မှာ ၃၇ဦးအထိရှိလာပြီး ဒဏ်ရာရသူမှာ ၁၅၀ အထိတိုးလာပြီး ၊ ဘရပ်ဆဲလ်အခြေစိုက် EU ကော်မရှင်ရုံးကိုလည်း လုံခြုံရေးအခြေအနေအရ နေရာရွေ့လိုက်ကြောင်းသိရပါတယ်။ ဘရပ်ဆဲလ်လေဆိပ် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အချိန်ပိုင်းအတွင်းမှာ ဥရောပတိုက် အနောက်ခြမ်းက အချက်အချာကျတဲ့ ပါရီ၊ လန်ဒန်၊ ဖရင့်ဖတ် စတဲ့လေဆိပ်ကြီးတွေမှာ လုံခြုံရေးကိုမြှင့်တင်လိုက်တာဖြစ်ပါတယ်။
ဧရာဝတီ , 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment