Pages

Friday, March 25, 2016

ရခိုင်အမျိုးသားပါတီ(ANP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့အကြား ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းရန် သဘောတူ


RangonNewsDaily::March . 25 .2016
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ဦးညီပု (ပါတီ၏ ပြည်နယ်ဥက္ကဌလည်းဖြစ်သူ)ကို ခန့်အပ်ဖို့ ဆုံးဖြတ်ထားပြီးအပေါ် စစ်တွေမှာ ANP ပါတီကိုထောက်ခံသူတွေက ANP ပါတီကပုဂ္ဂိုလ်ကိုပဲ ပြည်နယ်ဝန်ကြီးချုပ်ပေးဖို့ ဆန္ဒပြခဲ့ပြီးတစ်ရက်အကြာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဒီကနေ့ညနေမှာ တွေ့ဆုံဖို့ စည်ပင်ရိပ်သာကို ရောက်လာခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ(ANP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့အကြား ပူးပေါင်းဆောင်ရွက်ရန် တဖက်လျှင် အဖွဲ့ဝင် ၃ ဦးပါဝင်သော ညှိနှိုင်းရေးအဖွဲ့ တဖွဲ့ ဖွဲ့စည်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ANP အမတ်များတွေ့ဆုံစဉ် သဘောတူညီလိုက်ကြောင်း ANP ပါတီမှ လွှတ်တော်အမတ်တဦးက ပြောသည်။ 
.
ရခိုင်လွှတ်တော်အမတ်တွေနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုက တစ်နာရီခွဲလောက် ကြာမြင့်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ရခိုင်ဝန်ကြီးချုပ်နဲ့အစိုးရဖွဲ့စည်းရေးကိစ္စနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းနှစ်ခုကြားက ပဋိပက္ခတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။
.
ရခိုင်အမျိုးသားပါတီက ဦးဦးလှစောက စစ်တွေမှာ ဝန်ကြီးချုပ်နေရာပေးဖို့ ဆန္ဒပြတာဟာ သူတို့ပါတီကမဟုတ်သလို ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားမပြုတဲ့အကြောင်း၊ စစ်တွေက လက်တဆုတ်စာလူအနည်းငယ်က လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်ကတော့ CRPP မှာကတည်းက အတူတူတွဲဖက်လုပ်ကိုင်လာတာမို့ ရှေ့ဆက်လုပ်မယ့်ကိစ္စတွေ ဆွေးနွေးဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - ဟံသာညိန်း
ကမာရွတ်မီဒီယာ, ဧရာဝတီ 

KOLATT(PBDN)

RangonNewsDaily




0 comments:

Post a Comment