Pages

Friday, March 25, 2016

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော မန္တလေးမင်္ဂလာဈေးကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ကာ လူနေခွင့်မပြုတော့ဘဲ မတ်၂၈ ရက် နောက်ဆုံးထား ပစ္စည်းသယ်ရန်နှင့် ယာယီဈေးဖွင့်လှစ်ရန် စီစဉ်


RangonNewsDaily::March . 25 .2016
မန္တလေးမြို ချမ်းအေးသာစံမြို့နယ် ၇၃ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မီးလောင်ကျွမ်းသွားသော မင်္ဂလာဈေးကို အန္တရာယ်ရှိ အဆောက်အအုံဖြစ် သတ်မှတ်ပြီး လူနေထိုင်ရန် ခွင့်မပြုတော့ဘဲ ပစ္စည်းများကို မတ်၂၈ ရက် နောက်ဆုံးထား သယ်ရန်နှင့် ဆိုင်ခန်းများအတွက် ယာယီဈေးစီစဉ်နေကြာင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
“အန္တရာယ်ရှိအဆောက်အအုံ ဖြစ်သွားလို့ အခုကစပြီး လူနေထိုင်ခွင့် မပြုတော့ပါဘူး။ ၂၈ ရက်ထိတော့ ပစ္စည်းတွေ သယ်ခွင့်ပြုထားပါတယ်။ ယာယီဈေးက ဆောင်ရွက်ပေးသွားမှာပါ။ ဘယ်နေရာ၊ ဘယ်အချိန် လောက်ဖြစ်မယ်ဆိုတာတော့ လောလောဆယ် ပြောလို့မရသေးဘူး။ စီစဉ်နေတုန်းပဲ ရှိသေးတယ်” ဟု စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။
.
မီးလောင်ကျွမ်းပြီးနောက် မင်္ဂလာဈေးကြံ့ခိုင်မှုကို စစ်ဆေးခဲ့ပြီး အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ကာ ဈေးအတွင်း ၀င်ရောက်မှုကို ယာယီပိတ်ထားခဲ့ပြီးနောက် နံနက် ၁၀ နာရီကျော်တွင် ဆိုင်ခန်းရှင် နှစ်ဦးစီကို စိစစ်ကာ ပစ္စည်းများ ယူခွင့်ပေးခဲ့သည်။ ပစ္စည်းသယ်ယူလိုသူ ဆိုင်ခန်းရှင်များအနေ ဖြင့် ၇၂ လမ်း၊၂၉ လမ်းနှင့် လမ်း ၃၀ ကြား ပတ်ကုန်းဝန်းကျင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆက်သွယ်နိုင်ပြီး ကူညီပေးနေကြောင်း သိရသည်။
EMG , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment