Pages

Friday, March 25, 2016

" အခြေခံဥပဒေခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များ အမည်စာရင်းတင်သွင်း "


RangonNewsDaily::March . 25 .2016
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ အဖြစ် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူက တင်ပြသည့် ဦးညီညီ ၊ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဌက တင်ပြသည့် ဦးမျိုးညွန့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်၊ အမျိုးသားလွှတ်တော်ဥက္ကဌက တင်ပြသည့် ဦးတွာလ်ကျင်ပေါင် ၊ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်း စုစုပေါင်း ပုဂ္ဂိုလ် ၉ ဦး အနက်မှ ဦးမျိုးညွန့်ကို ခုံရုံးဥက္ကဌ အဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်နာယကက တင်ပြထားသည်။ 
အဆိုပါ ပုဂ္ဂိုလ်များနှင့်ပက်သက်၍ ခန့်အပ်ရန် သဘောတူကြောင်း 
(သို့မဟုတ်) ကန့်ကွက်လိုသူ ရှိပါက ကန့်ကွက်ကြောင်း အဆိုပြုချက်ကို လာမည့် မတ်လ ၂၈ ရက် နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြုလုပ်မည် ဖြစ်သည်။
7Day News , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment