Pages

Sunday, May 17, 2015

ဇန်အဖွဲ့မှ နုတ်ထွက်ခဲ့ခြင်းအပေါ် ရင်ဖွင့်လာတဲ့ One Direction


RangonNewsDaily:: May . 17 .2015
ဗြိတိန်နာမည်ကျော် ပေါ့ပ်ဂီတ အဖွဲ့ One Direction သည် အဖွဲ့မှ ဇန်မိုက်ခ်ထွက်ခွာပြီးနောက်အဖွဲ့ဝင် လေးဦးဖြင့်သာ ဂီတခရီးဆက်ခဲ့ရ သည်။ လွန်ခဲ့သော မတ်လက ဇန် သည် အဖွဲ့မှ နုတ်ထွက်ခဲ့ပြီး ထိုသို့ ထွက်ခွာခြင်းနှင့်ပက်သက်၍ အဖွဲ့ က အကြောင်းတစ်စုံတစ်ရာထုတ် ဖော် ပြောကြားခြင်းမရှိခဲ့သော်လည်း ပြီးခဲ့သည့်ကြာသပတေးနေ့က ပြု လုပ်ခဲ့သော Late Late Show အစီအစဉ်၌ ဇန်အဖွဲ့မှထွက်ခွာခဲ့ ခြင်းသည်အဖွဲ့အပေါ် ရိုက်ခတ်မှု များရှိခဲ့သည့်အတွက်၎င်းကိုအနည်း ငယ်စိတ်ဆိုးမိကြောင်း ရင်ဖွင့်လာ သည်။
ဇန်နုတ်ထွက်သည့်သတင်းသည် ထောင်ပေါင်းများစွာသော One Direction ပရိသတ်များကို စိတ် ထိခိုက်စေပြီး သို့လောသို့လော အတွေးများလည်း ဝင်စေခဲ့သည်။

အခုလက်ရှိတွင်အဖွဲ့၌ လူးဝစ် တွမ်လင်ဆမ်၊ နီးလ်ဟော်ရန်၊ ဟယ်ရီ စတိုင်စ်နှင့် လီအမ်ပေးန်တို့လေးဦး သာ ကျန်ရှိလေသည်။ လီအမ်ပေးန်က ''ဇန်နုတ်ထွက်မယ်ပြောတော့ ကြား ကြားချင်း တကယ်စိတ်ဆိုးမိတယ်။ နောက်တော့ ဘာလို့ပါလိမ့်လို့ အံ့သြ မိတယ်။ နောက်တော့မှ သူခံစားနေရ တာတွေကို သိလိုက်ရတယ်''ဟု ပြော သည်။

''လူတစ်ယောက်ဟာကိုယ်လုပ် နေတဲ့အလုပ်ကိုမကြိုက်ရင်၊ အလုပ်မှာ မပျော်တော့ရင် ကိုယ့်စိတ်ကြိုက်ရွေး ချယ်နိုင်ပါတယ်။ ဘယ်အရာမှ ပြင်း ပြင်းထန်ထန် မခံစားတာ ကောင်းပါ တယ်''ဟု ပေးန်က ဆက်လက်၍ သူ၏အမြင်ကိုပြောသည်။
အဖွဲ့တွင် လူသစ်အစားထိုးခြင်းနှင့် ပက်သက်၍အဖွဲ့ခေါင်းဆောင် စတိုင်စ် အားမေးရာ လူစားထိုးရန် အစီအစဉ် မရှိသေးကြောင်း ပြောသည်။

One Direction သည် လတ်တ လောတွင်သူတို့၏ တေးအယ်ဘမ် အသစ်အတွက်ကမ္ဘာလှည့်ဖျော်ဖြေ ပွဲများပြုလုပ်နေရာမှ ခေတ္တရပ်ဆိုင်း ထားသည်။ ဇန်ရုတ်တရက် အဖွဲ့မှ ထွက်ခွာသွားခြင်း၏ ရိုက်ခတ်မှုကို ကျော်လွန်နိုင်ရန် အလုပ်ကိုပိုမို ကြိုးစား ဆောင်ရွက်နေပါကြောင်းလည်းပြော ပြခဲ့လေသည်။
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment