Pages

Sunday, May 17, 2015

ကွက်ခိုင်မြို့အတွင်းရှိ ခမရ ၂၄၂ တပ်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ


RangonNewsDaily:: May . 17 .2015
တအာင်န်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က ကွတ်ခိုင်မြို့ အစိုးရတပ်မတော် အခြေချဗျူဟာတစ်ခုကို လက်နက်ကြီးဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ခဲ့သောကြောင့် ဒေသတွင်း လုံခြုံရေး အားနည်းမှုကို စိုးရိမ်နေရကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။
မေလ ၁၄ ရက် ညက ကွတ် ခိုင်မြို့တွင် စခန်းချထားသည့် အစိုးရတပ်မတော် ခမရ(၂၄၂) ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လက်နက်ကြီးဖြင့် အချက် ၂၀ ခန့်ပစ်ခတ်ခဲ့သောကြောင့် တပ်မတော် စစ်တန်းလျားတွင် ရှိနေသည့် တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်မိသားစုဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရဲတပ်ဖွဲ့က မည်သည့်လက် နက်ကိုင်အဖွဲ့ဖြစ်သည်ကို တရားဝင် သတင်းမထုတ်ပြန်သော် လည်း တအာင်န်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။
‘‘မနေ့ညကပေါ့။ နာရီဝက် လောက်ကြာအောင် ပစ်ခတ်မှု ဖြစ်တယ်။ ကွတ်ခိုင်မှာ ဖြစ်တာ။ ကျွန်တော်တို့ ပစ်တယ်ဆိုတာ လည်း သတင်းထုတ်ပြန်ထား ပါတယ်’’ဟု TNLA ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောသည်။
::
ခမရ (၂၄၂) တပ်စွဲထားရာ စခန်းကို ကွတ်ခိုင်မြို့ အေးရှား ဝေါတိုးဂိတ်အနီးရှိ တောင်ကုန်း ပေါ်မှ ပစ်ခတ်ခြင်းဖြစ်ပြီး ဒေသ ခံများကမူ စစ်တပ်စခန်းကုန်းကို ပစ်ခတ်မှုဖြစ်ကြောင်း ပြောသည်။
‘‘ဒီဒေသမှာ တိုက်ပွဲဖြစ်တာ မဆန်းဘူးလို့တောင် ပြောလို့ရ တယ်။ ဒါပေမဲ့ အခုကတော့ တပ်ကို လက်နက်ကြီးနဲ့ ချတာဗျ။ လုံခြုံ ရေးပိုင်းအားနည်းလို့ ဖြစ်တာသေ ချာတယ်။ ကျွန်တော်တို့ဒေသခံ တွေအတွက် လုံခြုံရေးကတော့ အတော့်ကို စိုးရိမ်နေကြတယ်’’ ဟု ကွတ်ခိုင်မြို့ဒေသခံ ဦးလှစိုး လင်းက ပြောသည်။
::
ကွတ်ခိုင်မြို့အနီးဝန်းကျင် တွင် အစိုးရတပ်မတော်နှင့် TNLA၊ KIA တို့ ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ရှမ်းမြောက်ဒေသရှိနယ်မြေရဲကင်းများကိုပင် လုံခြုံရေးစိတ်မချရသောကြောင့် ပြန်ရုပ်သိမ်းထားရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရှိ သည်။
7Day Daily ::--KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment