Pages

Sunday, May 17, 2015

ဒီဂီယာနေရာ အစားထိုးရန် ပြင်ဆင်ထားဟု ဗန်ဂါးလ်ပြောကြား


RangonNewsDaily:: May . 17 .2015
ရီးရဲလ်မက်ဒရစ် က ခေါ်ယူရန် ပစ်မှတ်ထားနေ သော ဒီဂီယာနေရာ ဆက်ခံမည့် သူကို ရှာဖွေထားသည်ဟု မန်ယူ နည်းပြ လူးဝစ်ဗန်ဂါးလ်က ထုတ် ဖော်ပြောကြားလိုက်သည်။

တည်တည်ငြိမ်ငြိမ်ရှိသော ဂိုးသမားအဖြစ် မန်ယူတွင် နှစ် ပေါင်းများစွာ ကစားပြီးနောက် ဒီဂီယာ၏ အသင်းနှင့် စာချုပ်မှာ နောက်ဆုံးနှစ်ထဲသို့ ၀င်ရောက်လာသည်။

ဒီဂီယာကို အသင်းနှင့် ဆက် လက်ကစားရန် ဗန်ဂါးလ်က အလို ရှိသော်လည်း အစားထိုးရန် လို အပ်လာပါက အဆင်သင့်ရှိနေ ခြင်းဖြစ်သည်။အသင်းနှင့် စာချုပ်ထပ်မံ ချုပ်ဆိုရန် ဒီဂီယာအား ငွေကြေး အမြောက်အမြား ကမ်းလှမ်းထား သည်ဟု ဗန်ဂါးလ်က အတည်ပြု ထားခဲ့သည်။

‘‘သူ့ကို လက်မှတ်ထိုးစေချင် ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် မန်ယူမှာဆက်နေဖို့ ဆန္ဒရှိရပါ မယ်။ ဘာဖြစ်လို့ သူဆုံးဖြတ်ချက် မချလဲဆိုတာ ကျွန်တော်မသိဘူး’’ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားသည်။

‘‘သူနေ့ရာအစားထိုးဖို့ ဂိုးသ မားစာရင်း ကျွန်တော်တို့မှာ ရှိ ထားပါပြီ’’ ဟု ဗန်ဂါးလ်က ပြော ကြားပြီး ဂိုးသမားနေရာသာမက အခြားကစားသမားနေရာတိုင်း စုံစမ်းထားသည်ဟု ၎င်းက ဆက် လက်ပြောသည်။
7day , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment