Pages

Sunday, May 17, 2015

ဘော်စတွန်မြို့ မာရသွန်ဗုံးဖောက်ခွဲရေးသမားကို တရားရုံးက သေဒဏ်ချမှတ်


RangonNewsDaily:: May . 17 .2015
အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့ မာရသွန်ပြေးပွဲတွင် ဗုံးဖောက်ခွဲခဲ့သူ ဂျိုခ်ဆာနာအက်ဖ်အား ဆေးထိုးသတ်ရန် အမေရိကန်တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်ပြီ ဖြစ်သည်။
၂ဝ၁၃ ခုနှစ် မာရသွန်ပြေးပွဲမစတင်မီ ဂျိုခ်ဆာနာအက်ဖ် နှင့် သူ၏အစ်ကို တာမာလဲန်ဆာနာအက်ဖ်တို့သည် ပြိုင်ပွဲ၏တာထွက်စည်းလိုင်း၌ ဖောက်ခွဲရေးပစ္စည်းများ ထားခဲ့သည်။ အဆိုပါဗုံးများပေါက်ကွဲမှုကြောင့် လူသုံးဦး သေဆုံးခဲ့ပြီး ၂၆ဝ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တရားသူကြီးများက ဂျိုခ်ဆာနာအက်ဖ်ကို သေဒဏ်ချမှတ်သင့်၊ မသင့်ကို ၁၄ နာရီကြာ အပြန်အလှန်ဆင်ခြင် သုံးသပ်ရာတွင် ဂျိုခ်ဆာနာအက်ဖ်သည် သူ၏လုပ်ရပ်အတွက် နောင်တရရှိသည့် လက္ခဏာကို မတွေ့ရသဖြင့် သူ့အား သေဒဏ်ချမှတ်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

တရားသူကြီးက ဂျိုခ်ဆာနာအက်ဖ်အား သေဒဏ်ပေးသည့်အမိန့်စာကို ဖတ်ကြားစဉ်တွင် ကြားနာသူများက ရှိုက်ကြီးတငင်ငိုခဲ့ကြသော်လည်း ဂျိုခ်ဆာနာအက်ဖ်သည် မည်သည့်တုံ့ပြန်မှုမျိုးကိုမျှ ပြသခဲ့ခြင်းမရှိပေ။

''သူဘယ်မှ ထွက်ပြေးမှာမဟုတ်ဘူး။ သူလုပ်ခဲ့တဲ့အတွက် သူပြန်ပေးဆပ်ရမှာပဲ။ တရားမျှတမှုကို ငါတို့ အမြဲတမ်း လက်ကိုင်ထားတယ်''ဟု ဗုံးပေါက်ကွဲမှုကြောင့် သေလုနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆစ်ဒနေကော်ကိုရန်က ဆိုသည်။
ဂျိုခ်ဆာနာအက်ဖ်သည် ဗုံးဖောက်ခွဲမှုတွင် သူ၏အစ်ကိုအား ကူညီမှုများပေးခဲ့သည်မှာ ထင်ရှားခဲ့ကြောင်း လွန်ခဲ့သည့်လက စစ်ဆေးတွေ့ရှိခဲ့သည်။

အခုအချိန်တွင် ဂျိုခ်ဆာနာအက်ဖ်ကို အင်ဒီယားနားပြည်နယ်ရှိ ဗဟိုအစိုးရအကျဉ်းထောင်သို့ ရွှေ့ပြောင်းထားမည် ဖြစ်သည်။ သို့သော် အယူခံဝင်ရန် ခွင့်ပြုထားသည့်အတွက် ကွပ်မျက်ခံရရန်မှာ နှစ်အနည်းငယ်ကြာဦးမည်ဖြစ်သည်။
Ref : Reuters , 
KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment