Pages

Thursday, May 7, 2015

ဘောလိဝုဒ်မင်းသား ဆယ်လ်မန်ခန်း လူသေမှုဖြင့် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိ


RangonNewsDaily:: May . 7 .2015
ဘောလိဝုဒ်နာမည်ကျော်မင်းသား ဆယ်လ်မန်ခန်းသည် ၂၀၀၂ ခုနှစ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ အိမ်ခြေယာမဲ့ ၅ဦးကို မော်တော်ယာဉ်ဖြင့်တိုက်ပြီး ထွက်ပြေးမှုတခု ကျုးလွန်ခဲ့သည်။ အဆိုပါယာဉ်တိုက်မှုတွင် လူတဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာအပြင်အထန် ရရှိခဲ့သည်။

ဆယ်လ်မန်ခန်းသည် အဆင့်မြင့် ဘားဆိုင်တခုတွင် သောက်စားပြီးနောက် ၎င်းမောင်နှင်လာသည့် တိုယိုတာလန်ခရုဇာ ကားကို အရှိန်မထိန်းနိုင်ဘဲ အိမ်ခြေယာမဲ့များကို ၀င်တိုက်ခဲ့ကြောင်း တရားလိုရှေ့နေများက စွပ်စွဲသည်။ ဆယ်လ်မန်ခန်းက အခင်းဖြစ်ပွားချိန်တွင် ၎င်း၏ယာဉ်မောင်းက မောင်းနှင်နေခြင်းဖြစ်သည်ဟုဆိုသော်လည်း မွန်ဘိုင်းတရားရုံးကမူ ယာဉ်မောင်းနှင်သူသည် ခန်းသာဖြစ်ကြောင်းနှင့် မောင်းနှင်စဉ်က မူးယစ်သောက်စားထားကြောင်း ဆုံးဖြတ်သည်။

AFP သတင်းများအရ ခန်း၏ယာဉ်မောင်းက ကားတာယာ ပေါက်သွားခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားစဉ်တွင် ၎င်းက မောင်းနှင်နေခြင်းဖြစ်ကြောင်း ရုံးတော်ရှေ့မှောက်၌ ထွက်ဆိုခဲ့သေးသည်။ သို့ရာတွင် ဆယ်လ်မန်ခန်း၏ လုံခြုံရေးအဖွဲ့ဝင်တဦး၏ထွက်ဆိုချက်အရ ယာဉ်မောင်း၏ထွက်ဆိုချက်နှင့် ကွဲလွဲလျက် ထိုညက ခန်းသည် သောက်စားထားပြီး ကားအရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၄၉ နှစ်ရှိ ခန်းသည် ယာဉ် နမော်နမဲ့မောင်းနှင်မှု၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရစေမှုတို့ဖြင့်လည်း တရားစွဲဆိုခံရမည် ဖြစ်သည်။ ၎င်းသည် ထောင်ဒဏ် ၁၀နှစ်အထိ ကျခံရနိုင်ပြီး အယူခံဝင်ခွင့်ရှိသဖြင့် အမှုသည် နှစ်ချီကြာမြင့်ဦးမည် ဖြစ်သည်။

ဆယ်လ်မန်ခန်းသည် အနုပညာသက်တမ်း ၂၇ နှစ်အတွင်း ဟင်ဒီရုပ်ရှင်ပေါင်း ၈၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားသူဖြစ်သည်။
ရည်ညွှန်း - The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment