Pages

Thursday, May 7, 2015

ပြည်နဝဒေး တံတားပေါ်တွင် ရပ်ထားသော ကားကို ဆိုင်ကယ်က ဝင်တိုက်၍ လူနှစ်ဦးသေဆုံး

RangonNewsDaily:: May . 7 .2015
ပြည်မြို့၊ နဝဒေးတံတား ကြီးပေါ်တွင် စက်ချို့ယွင်းသဖြင့် ရပ်ထားသော တပ်မတော်ယာဉ် တစ်စီးကို ဆယ်ကျော်သက်လူ ငယ်သုံးဦး စီးနင်းလာသော ဆိုင် ကယ်က အရှိန်မထိန်းနိုင်ဘဲ ဝင် တိုက်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၄ ရက် ည ၈ နာရီခန့် ကဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်နောက် မှ လိုက်ပါစီးနင်းခဲ့သည့် နှစ်ဦးအ နက် (၁၃)နှစ်အရွယ်လူငယ်မှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် သေ ဆုံးခဲ့ပြီး ရှေ့မှမောင်းနှင်သူ (၁၆) နှစ်အရွယ် လူငယ်မှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာများ ရရှိကာ ပြည်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးခဲ့သည်။ (၁၈)နှစ်အရွယ် အခြားလူငယ်တစ်ဦးမှာ ပြင်းထန် စွာ ဒဏ်ရာများရရှိခဲ့သောကြောင့် ပြည်ဆေးရုံကြီးတွင် တက်ရောက် ကုသနေကြောင်း ပြည်ခရိုင် ရဲတပ် ဖွဲ့မှ သတင်းရရှိသည်။
-
‘‘ကားက စက်ပျက်လို့ ရပ်ပြီး စက်ဖုံးဖွင့်ပြီး စစ်ဆေးနေတဲ့ အ ချိန်မှာ ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်မိတာ ဖြစ်တယ်။ သေ သွားတဲ့ ကလေးနှစ်ယောက်က (၁၈)နှစ်တောင် မပြည့်သေးဘူး။ ကျန်တစ်ဦးကလည်း စိုးရိမ်ရ တယ်’’ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
-
နဝဒေးတံတားကြီးပေါ်ရှိ လမ်းမီးများမှာ အချို့နေရာများ တွင် မလင်းကြောင်း၊ တံတားကြီး လမ်းမပေါ်၌ ဆိုင်ကယ်မောင်းနှင် သူများ၊ ယာဉ်မောင်းအချို့မှာ အရှိန်ပြင်းထန်စွာ မောင်းနှင်ခြင်း၊ မဆင်မခြင် မောင်းနှင်မှုများရှိ ကြောင်း၊ ပြီးခဲ့သည့် နှစ်ကလည်း တံတားပေါ်တွင် ဆိုင်ကယ်နှင့် ခရီးသည်တင် ယာဉ်တစ်စီးတိုက်မှု ကြောင့် ဆိုင်ကယ်မောင်းသူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
7Day ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment