Pages

Thursday, May 7, 2015

မြို့ဝင်ကြေးနဲ့ဆက်စပ်ပြီး ကားပိုင်ရှင်တွေက မန်းစည်ပင်ရုံးရှေ့ ကားများနှင့် ဆန္ဒထုတ်ဖော်

RangonNewsDaily:: May . 7 .2015
မန္တလေးမြို့မှာ နယ်ကားတွေကို မြို့ဝင်ကြေး ကောက်ခံခြင်းနဲ့ နယ်ပြောင်းရန်ပြောဆိုခဲ့ခြင်း အပေါ် နယ်ကားပိုင်ရှင်တွေက အချိန်(၁)လ ပေးခြင်းမှာ အချိန်နည်းပါးနေမှု၊ အခွန်စိမ်းစာရွက် တောင်းခံခြင်းအပေါ် အဆင်မပြေများ ရှိနေတဲ့အတွက် ဒီနေ့ မေလ၅ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေးရုံးကို ကားပိုင်ရှင်တွေက ကားပတ်မောင်းကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်း ယာဉ်ကြောပိတ်ဆို့တာတွေ လျော့နည်းဖို့ ဆိုပြီး မန္တလေးတိုင်းဒေသကြီး မှတ်ပုံတင်မဟုတ်တဲ့ မော်တော်ယာဉ်တွေကို ယာဉ်အမျိုးအစား အလိုက် တရက်ကို အနည်းဆုံး ကျပ်၂၀၀၀ နေ့စဉ် မြို့ဝင်ကြေး ကောက်ခံမှုကို မေလ(၁)ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး မေလ(၄)ရက်နေ့မှာ ခေတ္တရပ်ဆိုင်းလိုက်ကြောင်း မန်းစည်ပင်က ကြေညာခဲ့ပါတယ်။ 
-
မန္တလေးမြို့မှာ ဂိတ်(၄)ခုဖွင့်ပြီး မေလ(၁)ရက်နေ့ကနေ (၃)ရက်နေ့အထိ မြို့ဝင်ကြေးကောက်ခံခဲ့ရာမှာ ငွေကျပ် သိန်း(၃၀၀)ခန့် ရရှိခဲ့ပါတယ်။
DVB::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment