Pages

Thursday, May 7, 2015

မောင်တောမြို့ ဒုချီးရားတန်း ကျေးရွာ တာဝန်ခံ မာမတ်ဆုတန် အသတ်ခံရ

မောင်တော ။ RangonNewsDaily:: May . 7 .2015
မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ တာဝန်ခံ မာမတ်ဆုတန် လုပ်ကြံသတ်ဖြတ်မှုခံရကြောင်း မေ ၂ ရက်က သိရသည်။
ဖြစ်စဉ်အရ အလယ်သံကျော် နခခ(၄)မှ ဌာနခွဲမှူး ယာယီရဲမှူး ငြိမ်းချမ်းအေး ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးရာ မာမတ် ဆုတန်မှာ နေအိမ်ခန်းတွင် သေဆုံး နေကြောင်း တွေ့ရှိရသည်။
အခင်းဖြစ်ရာတွင် သဲလွန်စ ရှာဖွေရာkf ၇.၆၅ စာတန်းပါ အရှည် ၇ ဒသမ ၇ စင်တီမီတာခန့် ကျည်ခွံလေးခု၊ လေးစင်တီမီတာခန့် ကျည်ထိပ်ဖူးတစ်ခု၊ ၁ဝ စင်တီမီတာ ခန့် ကျည်တစ်တောင့်တို့ကို တွေ့ရှိ ရသည်။
-
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီး ရမိရေးအတွက် နခခတပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေးရှာဖွေလျက်ရှိကြောင်း နှင့် မကျီးချောင်း(နခခ) ရဲစခန်းမှ အမှုဖွင့်လှစ်ထားကြောင်း သိရ သည်။
(ခရိုင် ပြန်/ဆက်)
Myanmaalinn ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment