Pages

Thursday, May 7, 2015

မြန်မာနိုင်ငံသို့ ဓာတ်ဆီတင်ပို့ရန်လာသည့်သင်္ဘော မလက္ကာရေလက်ကြားတွင် ဓားပြတိုက်ခံရ

RangonNewsDaily:: May . 7 .2015
မြန်မာနိုင်ငံသို့ ဓာတ်ဆီ များတင်ပို့ရန် သယ်ဆောင်လာ သည့် သင်္ဘောတစ်စီး မလက္ကာ ရေလက်ကြား၌ ပင်လယ်ဓားပြ တိုက်ခံရကြောင်း သတင်းရရှိ သည်။
Ocean Energy သင်္ဘော သည် မေလ ၂ ရက်က စင်ကာပူ နိုင်ငံမှထွက်ခွာလာစဉ် မလက္ကာ ရေလက်ကြားအရောက်၌ ပင် လယ်ဓားပြများတက်ရောက်လာ ပြီး သင်္ဘောသားများအားဖမ်းဆီး ချုပ်နှောင်ကာ သင်္ဘောပေါ်တွင် ပါရှိသည့် ဓာတ်ဆီ ၂,၀၂၃ တန် နှင့် သင်္ဘောပေါ်မှ ပစ္စည်းများ ယူ ဆောင်သွားကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ် သမားအဖွဲ့ချုပ်မှ ပြန်ကြားရေး နှင့်ဆက်သွယ်ရေး တာဝန်ရှိသူ ကပ္ပတိန် ဦးကျော်မြဦးက ပြော သည်။
-
‘‘စင်ကာပူကနေ ထွက်လာ ပြီးတော့ မလက္ကာရေလက်ကြား မှာ သင်္ဘောပေါ်ကို ပင်လယ်ဓား ပြတွေတက်လာပြီး သယ်လာတဲ့ ဓာတ်ဆီတွေယူသွားကြတယ်။ သင်္ဘောသားတွေကိုတော့ရန်မပြု သွားပါဘူး။ ဒီသင်္ဘောမှာ မြန်မာ သင်္ဘောသားဘယ်နှယောက်ပါ တယ်ဆိုတာတော့ စုံစမ်းဆဲပါ’’ဟု ဦးကျော်မြဦးကပြောသည်။
-
လက်ရှိတွင် ယင်းသင်္ဘော မှာ ရေကြောင်းသွား အထောက် အကူစက်ကိရိယာများပျက်စီး သွား၍ ပြင်ဆင်ရန် စင်ကာပူသို့ ပြန်လည် ထွက်ခွာသွားပြီး ပြင် ဆင်ရေးလုပ်နေကြောင်း သတင်း ရရှိသည်။
-
မလက္ကာရေလက်ကြား သည် ပင်လယ်ကူးသင်္ဘောများ မ ကြာခဏ လုယက်ခံရသည့်နေရာ ဖြစ်ပြီး Ocean Energy သင်္သော မှာ ဒုတိယအကြိမ် ပင်လယ်ဓား ပြများ၏ လုယက်မှုကိုခံရခြင်းဖြစ် ကာ ပြီးခဲ့သည့် ၂၀၁၄ စက်တင် ဘာတွင်လည်း မြန်မာနိုင်ငံသို့ လာရောက်စဉ် လုယက်ခံရဖူး ကြောင်း သတင်းရရှိသည်။


7Day ::--
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment