Pages

Friday, May 1, 2015

ဖြစ်ရပ်မှန်အချို့ကို အခြေခံရိုက်ကူးထားတဲ့ သီချင်းတွေပါဝင်မယ့် နန်းဆုရတီစိုးရဲ့ဒီဗီဒီ


RangonNewsDaily:: May . 1 .2015
ပွင့်လင်းရာသီတွင် နယ်ဖျော်ဖြေပွဲများဆက်တိုက်သွား ဖြစ်ပြီး ဖြစ်ရပ်မှန်အချို့ကို အခြေခံရိုက်ကူးထားသည့်သီချင်း အချို့ပါဝင်မည့် ‘ရှေ့ဆက်သွား မှာပဲ’ဒီဗီဒီကိုလည်း ဇွန်လတွင် ဖြန့်ချိပေးနိုင်ရန် စီစဉ်နေကြောင်း နန်းဆုရတီစိုးကပြောသည်။

‘‘နယ်ဖျော်ဖြေရေးသွားရတာက ကိုယ့်ကိုချစ်တဲ့ပရိသတ် တွေနဲ့ မျက်နှာချင်းဆိုင်ဆုံတွေ့ခွင့်ရတယ်။ သူတို့ရဲ့ရင်ထဲက ချစ်ခင်မှုတွေကိုလည်း တိုက်ရိုက်မြင်တွေ့ခွင့်ရတယ်။ အဲဒါကြောင့် နယ်ဖျော်ဖြေရေးတွေသွားရတာ အရမ်းပျော်တယ်။ ပရိသတ်တွေကလည်း အရမ်းအားပေးတယ်’’ ဟုနယ်ဖျော်ဖြေရေးသွားရောက်ရသည့်ခံစားမှုကို ပြောပြသည်။

လွန်ခဲ့သည့်တစ်နှစ်ကျော်က ဖြန့်ချိထားသော ဒုတိယတစ်ကိုယ်တော်အခွေ ‘ရှေ့ဆက်သွားမှာပဲ’ဒီဗီဒီကို အပြီးသတ်ရိုက်ကူးရေးများပြုလုပ်နေကြောင်း ၎င်းကပြောသည်။

အဆိုပါဒီဗီဒီတွင် ကိုယ်တိုင်သရုပ်ဆောင်ထားသည့် သီချင်းများပါဝင်သလို သီချင်းတစ်ပုဒ်ချင်းစီအလိုက် လိုက်ဖက်သည့် ရသများခံစားနိုင်ရန် ရိုက်ကူးထားကြောင်း ဆိုသည်။

‘‘ဇာတ်လမ်းပုံစံဟဲဗီးဒရာမာလိုရိုက်ထားတဲ့ပုံစံတွေပါတယ်။ နောက်ပြီး ဖြစ်ရပ်မှန်ကိုအခြေခံ ပြီးရိုက်ထားတာလည်းပါတယ်။ နောက်အမ်တီဗီပုံစံရိုက်ထားတာတွေလည်းပါတယ်’’ဟု နန်းဆုရတီစိုးကပြောသည်။
‘‘လေးပုဒ်လောက်တော့ ကျန်ဦးမယ်။ အဲဒါကလည်း တစ် ပုဒ်အပြည့်ကျန်တာမဟုတ်ဘူး။ တစ်ဝက်လောက်တော့ကျန်နေ တာ’’ဟုပြောသည်။

ဒီဗီဒီရိုက်ကူးရေးနှင့် နယ်ဖျော်ဖြေရေးခရီးစဉ်များ သွား ရောက်နေရသောကြောင့် ဇာတ်ကားရိုက်ကူးရေးဘက်တွင် အနုပညာလှုပ်ရှားမှုအနည်းငယ်သာ လုပ်ဖြစ်နေသော်လည်း ဒီဗီဒီခွေဖြန့်ချိပြီးပါက ဂီတနှင့်ရုပ်ရှင်နှစ်ဖက်စလုံးတွင် အညီအမျှပြုလုပ်မည်ဟု ၎င်းကဆိုသည်။
7Day DAILY , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment