Pages

Friday, May 1, 2015

သမ္မတအကြံပေး ဦးနေဇင်လတ် ရာထူးမှနုတ်ထွက်


RangonNewsDaily:: May . 1 .2015
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီတစ်ခုတွင် နာယကအဖြစ် တာဝန်ယူထားသူ ဦးနေဇင်လတ်သည် နိုင်ငံတော် သမ္မတအကြံပေး အဖြစ်မှ ဧပြီလ ၃၀ ရက်နေ့တွင် နုတ်ထွက်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နုတ်ထွက်တဲ့ အကြောင်းအရင်း ကိုတော့ မသိပါဘူး၊ သတင်းစာတွေကနေ တစ်ဆင့် ထုတ်ပြန် ပေးပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ဦးနေဇင်လတ်၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း မိမိသည် နိုင်ငံတော်သမ္မတ အကြံပေးရာထူးမှ နုတ်ထွက်ပြီး အသစ် တည်ထောင်သော အမျိုးသားပါတီလုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရေးသားထားသည်။
ဦးနေဇင်လတ်ထံ ဆက်သွယ် မေးမြန်းရာတွင်မူ ဖုန်းကိုင် ဖြေဆိုခြင်းမရှိပေ။

နိုင်ငံရေးပါတီ တစ်ခုတွင် နာယကအဖြစ် ပါဝင်မည်ဟု ပြောဆိုထား သူတစ်ဦး လက်ရှိအစိုးရ၏ နိုင်ငံတော် သမ္မတ အကြံပေးအဖွဲ့တွင် ပါဝင်နေခြင်းသည် အခြားပါတီများနှင့် ပြည်သူများက အစိုးရအပေါ်တွင် သံသယ ဖြစ်လာနိုင်ဖွယ် ရှိသောကြောင့် အကြံပေးအဖြစ်မှ နုတ်ထွက်ခြင်း ဖြစ်နိုင်ကြောင်း ဖက်ဒရယ် ပြည်ထောင်စုပါတီ FUP ဒုတိယ ဥက္ကဋ္ဌ ဦးစောသန်းမြင့်က မှတ်ချက်ပြုသည်။

The Voice Weekly , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment