Pages

Sunday, March 15, 2015

အရှေ့တောင်အာရှ မြို့ကြီးများ၌ ဈေးအကြီးဆုံးစာရင်းတွင် ပါဝင်နေသည့် မန္တလေးမြို့၏ Taxi ကားခများ

RangonNewsDaily:: March . 14 .2015
မန္တလေးမြို့သည် ယခုနှစ်ပိုင်းတွင် နိုင်ငံခြားသားများ အဝင်အထွက် များပြီး ခရီးသွားလာရန် အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး နေရာများ ရှိသော မြို့တစ်မြို့ အဖြစ် စာရင်းဝင်လျက် ရှိကြောင်း သိရသည်။ နေ့စဉ် နိုင်ငံခြားသား ရာနှင့်ချီ၍ ဝင်ရောက်လျက် ရှိပြီး မြို့အတွင်းနှင့် မြို့အနီး ဝန်းကျင်များသို့ သွားလာ လည်ပတ်မှု များပြားကြောင်း သိရသည်။

ထိုသို့ သွားလာမှု များအတွက် တချို့က ဟိုတယ်မှ စီစဉ်ပေးသော ဘတ်စ်ကားများဖြင့် လည်းကောင်း၊ သီးသန့်ယာဉ် များဖြင့် လည်းကောင်း သွားလာလေ့ ရှိကြသည်။ မြို့တွင်း သယ်ယူ ပို့ဆောင်မှုတွင် Taxi ခမှာ ရန်ကုန်မြို့ထက် များပြီး အရှေ့တောင်အာရှ မြို့ကြီးများ တွင်လည်း မြင့်မားသော ဈေးနှုန်းတွင် ရှိကြောင်း၊ နိုင်ငံတကာနှင့် သွားလာ ဆက်ဆံသူ တစ်ဦးက ပြောပြသည်။

''ဗန်ကောက်မှာ ဆိုရင် မြို့ထဲကနေ လေဆိပ်ကို မြန်မာငွေနဲ့ တွက်ရင် ငွေကျပ် ၈ဝဝဝ လောက်ပေးရတယ်။ ဒီမှာ လေဆိပ်သွားရင် ငွေကျပ် ၁၂ဝဝဝ နှင့် ၁၅ဝဝဝ ကြားရှိတယ်။ အဲကွန်းလည်း မပါဘူး။ ဒါ့ပြင် ဗန်ကောက်က ယာဉ်ကြော ရှုပ်ထွေးမှုကြောင့် အချိန်နှင့် ဆီလဲ ပိုကုန်တယ်'' ဟု နိုင်ငံတကာနှင့် ဆက်သွယ် စီးပွားရေး လုပ်ကိုင်သူ ကိုမျိုးနိုင်ဦး က ပြောပြသည်။

မန္တလေးမြို့တွင် Taxi အများစုမှာ မီတာ အသုံးပြုခြင်း မရှိဘဲ အချို့မှာ နံပါတ်အနက် များဖြင့် Taxi ပြေးဆွဲလျက် ရှိကြောင်း သိရသည်။ နံပါတ်အနက် များဖြင့် Taxi ပြေးဆွဲခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားပါက ဖြေရှင်းရန် မလွယ်ကူဘဲ နိုင်ငံတကာ အဆင့်အတန်း နှင့်လည်း ညီညွတ်မှု မရှိကြောင်း သိရသည်။

နိုင်ငံတကာတွင် နိုင်ငံခြားသား များကို ကျသင့်သည်ထက် ပိုမို တောင်းခံခြင်း ရှိပါက ခရီးသွားများ အပေါ် အနိုင်ကျင့်ခြင်း ဟု ယူဆပြီး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု အတွက် Nagative Sign ဖြစ်ကြောင်း သိရသည်။

Yadanarpondaily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment