Pages

Sunday, March 15, 2015

အများပြည်သူသိရှိရန်အသိပေးနှိုးဆော်ချက်


RangonNewsDaily:: March . 15 .2015
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေး ဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင် အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲကြပ်မတ်လျက်ရှိပါသည်။

၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် ဈေးကွက် အတွင်းရှိ ဆေးဝါးများကို စိစစ်ခဲ့ရာ အောက်ဖော်ပြပါ ဆေးဝါး ၁ဝ မျိုး သည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေး ဝါးများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်-

၃။ အများပြည်သူများသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသောဆေး ဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိ ထားသောဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူသုံးစွဲပါရန်
အသိပေးအပ်ပါသည်။ထို့အပြင် ပြည်သူ့ကျန်းမာရေးအတွက် စောင့်ရှောက် မှုဆောင်ရွက်ပေးသူများအနေဖြင့် မိမိတို့သုံးစွဲနေသည့်ဆေးဝါးများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာရှိပါက သတင်းပေးပို့ အကြောင်း ကြားနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။




၎။ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ၊ ဆေးဝါး အတု၊ စံမညီဆေးဝါးများကို တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း လုံးဝမပြု
ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းက အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ(၁၈) အရ တရားစွဲဆို အရေးယူ မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန
MOI ::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment