Pages

Sunday, March 15, 2015

သစ်ပင် ၁၀,၀၀၀ ကျော် စိုက်ပျိုးခဲ့တဲ့ မသန်စွမ်းသူ (၂) ဦး


RangonNewsDaily:: March . 15 .2015
တရုတ်နိုင်ငံ မြောက်ပိုင်း Heibei ပြည်နယ်က မသန်စွမ်းအမျိုးသား (၂)နှစ်ဦးဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ရန်အတွက် မြစ်တစ်ခုရဲ့ ကမ်းတလျှောက် သစ်ပင် (၁၀,၀၀၀) ထက်မက ၁၅ နှစ်ကြာ အချိန်ယူ စိုက်ပျိုးခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ လူသိများလာခဲ့ပါတယ်။

Jingxing ကောင်စီ Yeli ကျေးရွာဒေသခံ တစ်ဦးဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် Jia Haixia ဆိုသူဟာ မတော်တဆဖြစ်မှုတစ်ခုကြောင့် ၂၀၀၀ ခုနှစ်က မျက်ကန်းလုံးလုံးဖြစ်သွားခဲ့သလို သူ့ရဲ့မိတ်ဆွေကျေးရွာသား Jia Wenqi အသက် ၅၃ နှစ်ရှိသူမှာလည်း အသက် ၃ နှစ်အရွယ်မှာ လျှပ်စစ်ရှော့ခ်ဖြစ်လို့ လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့သူဖြစ်တယ်လို့ Xinhua သတင်းမှာ ဖော်ပြခဲ့ပါတယ်။

၂၀၀၁ မှာ ယင်းနှစ်ဦးက Yehe မြစ်ကမ်းတစ်လျှောက်ကို သစ်တောမြေအဖြစ် ထိန်းသိမ်းရန် သတ်မှတ်ခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေဖို့ အရှိန်အဟုန်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြပါတယ်။

Ref: Chinadaily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment