Pages

Sunday, March 15, 2015

ကင်ဆာမျိုးရိုးဗီဇမရှိသော်လည်း ကင်ဆာရောဂါဖြစ်ပွားနိုင်ဟုဆို

RangonNewsDaily:: March . 14 .2015
မိမိတွင်ကင်ဆာ မျိုးရိုးဗီဇမရှိသော်လည်း မိသားစု၌ မိမိသည် ပထမဆုံးကင်ဆာရောဂါ ရရှိသူလည်းဖြစ်တတ်သည့်အတွက် ကင်ဆာရောဂါမဖြစ်နိုင်ပါဟု လျှော့ မတွက်ထားသင့်ကြောင်း ကင်ဆာ ဆေးကုသမားတော်ကြီးပါမောက္ခ ဒေါက်တာရင်ရင်ထွန်းက ပြောသည်။
''ကြိုတင်ဆေးစစ်ခြင်းနဲ့သံသ ယဖြစ်ဖွယ်လက္ခဏာတွေကို သိရှိ အောင်လေ့လာထားခြင်း၊ ကာကွယ် လို့ရတဲ့နည်းလမ်းတွေနဲ့ အကာအ ကွယ်ယူထားခြင်းတို့ဖြင့် ကင်ဆာ ရောဂါကိုအနိုင်ယူနိုင်ပါတယ်''ဟု ယင်းကဆိုသည်။

ကင်ဆာရောဂါဖြစ်နိုင်ခြေအ ချက်များတွင် ခန္ဓာကိုယ်သိပ်သည်း ဆများသူများ (အဝလွန်သူ)၊ အသီး အနှံနှင့်ဟင်းသီးဟင်းရွက်စားသုံး မှုနည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးခြင်း၊ အရက်အလွန်အ ကျွံသောက်ခြင်းစသည့်အချက်များ သည် ကင်ဆာရောဂါကြောင့် သေဆုံး သူ ၃ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

''ကိုယ့်မှာ ကင်ဆာရောဂါဖြစ် လာနိုင်မလားဆိုပြီး စိတ်ပင်ပန်း၊ စိတ်သောကဖြစ်နေတဲ့သူတချို့အ နေနဲ့ စိတ်ခွန်အားပိုမိုအားပြည့် စေနိုင်တဲ့ စိတ်လေ့ကျင့်ခန်းကစား နည်းတွေနဲ့အတူ ခန္ဓာကိုယ်ကိုယ် လက်လှုပ်ရှား ကစားနည်းကိုပါ ပူး တွဲပြီး ပုံမှန်လေ့ကျင့်သင့်ပါတယ်''ဟု ပါမောက္ခ ဒေါက်တာရင်ရင်ထွန်း က ဆိုသည်။

ဘဝတစ်သက်တာကျန်းမာ သက်ရှည်စွာနေနိုင်ရေး၊ ကင်ဆာ ရောဂါကင်းဝေးရေး အတွက် ကျန်း မာရေးနှင့်ညီညွတ်မျှတသော ဘဝ နေထိုင်မှုပုံစံ (Healthy Life Style) ကိုရရှိနိုင်ရန် ငယ်စဉ်အရွယ်မှစ တင်၍ ရွေးချယ်စားသုံးကြရန် လို အပ်ကြောင်းနှင့်ကြိုတင်ကာကွယ် နိုင်သည့် နည်းလမ်းများကို ဗဟုသု တရှိရန်၊ လေ့လာဆည်းပူးရန်နှင့် အမှန်တကယ် လိုက်နာကျင့်သုံးရန် မှာ လူတို့၏စိတ်ခွန်အားသည် အဓိက ကဏ္ဍမှ ပါဝင်ကြောင်း သိရသည်။

''ကာကွယ်နိုင်တဲ့ကင်ဆာရော ဂါများအနက် ဆေးလိပ်၊ အရက်၊ ကွမ်း နဲ့အခြားအန္တရာယ်ရှိတဲ့ အပြုအမူ တွေအားလုံးရဲ့တရားခံသည် မိမိရဲ့ စိတ်ခွန်အား အားနည်းခြင်းကြောင့် သာဖြစ်ပါတယ်''ဟု ယင်းက ပြော ကြားသည်။
အမျိုးသားများတွင်အဖြစ် အ များဆုံးကင်ဆာများမှာ အဆုတ်ကင် ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီး ကင်ဆာနှင့်အစာအိမ်ဟောင်း၊ အစာ အိမ်နှင့်အသည်းကင်ဆာရောဂါများ ဖြစ်ပြီး အမျိုးသမီးများတွင်အဖြစ် အများဆုံးကင်ဆာရောဂါများမှာ ရင်သားကင်ဆာ၊ အူမကြီးနှင့် အစာ အိမ်ဟောင်းကင်ဆာ၊ အဆုတ်ကင် ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် အစာအိမ်ကင်ဆာတို့ဖြစ်ကြောင်း သိရသည်။

ကင်ဆာရောဂါ ၇ဝ ရာခိုင်နှုန်း သည် ကာကွယ်နိုင်စွမ်းမရှိသည့် အ တွက် ကင်ဆာရောဂါကုသအောင် မြင်ရေးအတွက် စောစီးစွာတွေ့ရှိ နိုင်ရေးသည် အလွန်အရေးကြီးပြီး ကင်ဆာရောဂါသည် ရောဂါပျိုးစ ကာလတွင် ရောဂါလက္ခဏာပြလေ့ မရှိဘဲ ကင်ဆာဆဲလ်များကွဲပြားမှု အဆင့်တစ်ခုရောက်ရှိမှသာ လက္ခ ဏာပြကြောင်း သိရသည်။

''တစ်ခါတစ်ရံမှာ လက္ခဏာပြ တဲ့အဆင့်ကိုရောက်ရှိရင် အဆင့် နောက်ကျတဲ့ကင်ဆာရောဂါတချို့ လဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အစော ဆုံး၊ အနုဆုံးအဆင့်ကို တွေ့ရှိဖို့အ တွက် ရောဂါလက္ခဏာမပြမီ ပုံမှန် ကျန်းမာရေးဆေးစစ်ရန် အသက် အရွယ်၊ ကျား၊ မအပေါ် မူတည်ပြီး ကျွမ်းကျင်သူ ဆရာဝန်များနှင့် ပြသ တိုင်ပင်အကြံဉာဏ်ရယူသင့်ပါတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။

ဒီမိုကရေစီတူဒေး , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment