Pages

Sunday, March 15, 2015

အောင်တံခွန် (၃)ခရီးသည်တင် ရေယာဉ်နစ်မြုပ်မှု (၂၁)ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ၊ (၄၇)ဦး ပျောက်ဆုံးနေဆဲ


RangonNewsDaily:: March . 15 .2015
တောင်ကုတ်မှ စစ်တွေသို့ ပြေးဆွဲသော ခရီးသည်တင် ရေယာဉ် အောင်တံခွန် (၃)သည် မတ်လ (၁၂) ရက်နေ့ ည (၉) နာရီအချိန်တွင် တောင်ကုတ်မြို့မှ ထွက်ခွာလာပြီး မတ်လ (၁၃) ရက်နေ့ နေ့လည် (၁၂)နာရီ (၃၀)မိနစ် အချိန်တွင် ကျောက်ဖြူဆိပ်ကမ်း သို့ ရောက်ရှိ ခဲ့သည်။ 
ခရီးသည်များ တင်ဆောင်ပြီး မတ်လ (၁၃)ရက်နေ့ ညနေ (၄)နာရီ (၅) မိနစ် အချိန် တွင် ကျောက်ဖြူမှ စစ်တွေသို့ ပြန်လည်ထွက်ခွာလာရာ ၎င်းနေ့ ည (၈)နာရီ (၃၀)မိနစ် အချိန် တွင် မြေပုံမြို့နယ် ငပယုန်ကျွန်းနှင့် မြောက်ကျွိန်ကျွန်းအနီး အရောက်တွင် ရုတ်တရက် လှိုင်းပုတ်ပြီး တိမ်းစောင်း နစ်မြုပ်သွားခဲ့သည်။




အဆိုပါ ရေယာဉ်အပေါ်တွင် ဦးလှမောင်သိန်း (ဦးစီး)၊ ရေယာဉ်ဝန်ထမ်း (၁၀)ဦးနှင့် ခရီးသည် (၂၁၄)ဦးခန့် ပါဝင်ကြောင်း သိရှိရသည်။
::
ရေယာဉ်တိမ်းစောင်းမှုကို သိသိချင်း မြောက်ကျွိန်ကျွန်းရွာမှ ဒေသခံ ရွာသူ၊ ရွာသား များနှင့် ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး၊ မြေပုံမြို့နယ် ရဲတပ်ဖွဲ့မှူး (ဦးစီး) အင်အား များ၊ ကျောက်ဖြူနှင့် မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး (ဦးစီး)၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များက သွားရောက်ကယ်ဆယ်ခဲ့သည်။
အလားတူ ကျွန်းသာရေတပ်စခန်းမှ ရေယာဉ်တစ်စီးကလည်း ကယ်ဆယ်ရေး လုပ်ငန်းများကို သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
::
၎င်းဖြစ်စဉ်တွင် လက်ရှိအချိန်အထိ ခရီးသည် (၁၆၇)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျား(၂)ဦး၊ မ (၁၉)ဦး အပါအဝင် (၂၁)ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့သည်။
ကျား(၁၇)ဦး၊ မ(၃၀)ဦး စုစုပေါင်း (၄၇)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူများက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

MOI ::--KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment