Pages

Sunday, March 15, 2015

မိဘများက သားသမီးများကို အလေးပေးလွန်းလျှင် ကလေးများ တစ်ကိုယ်ကောင်းဆန်သူများဖြစ်တတ်


RangonNewsDaily:: March . 15 .2015
မိဘများ၏ အလွန်အကျွံ အလေးပေးလွန်းလျှင် ကလေးများ သည် တစ်ကိုယ်ကောင်းဆန်ကာ ကြီးပြင်းလာတတ်မည့် အလား အလာ ရှိသည်ဟု သိပ္ပံပညာရှင်များက မတ် ၉ ရက်၌ ဆိုသည်။

''ငါ့သား၊ ငါ့သမီးက တခြား ကလေးများထက်ပိုတော်သည်ဟု မိဘများ၏ ဖော်ပြခြင်းခံရသော ကလေးများသည် တစ်ကိုယ်ကောင်း ဆန်သောကလေး ဖြစ်နိုင်ခြေပိုများ သည်ဟု သုတေသီများက ဆိုသည်။

သုတေသီများသည် သူတို့၏ သု တေသနပြုတွေ့ရှိချက်ကို အမေရိ ကန်ဂျာနယ် Proceedings of the National Academy of Science တွင် ဖော်ပြသည်။

သူတို့၏ကလေးများသည် တခြားကလေးများထက် ပိုတော် သည်ဟု မိဘများကပြောသည်ကို ကလေးများက ယုံသည်။
ယင်းသို့ ဖြစ်သည်မှာ ကလေးများအတွက် သော်လည်းကောင်း၊ လူ့အဖွဲ့အ စည်းအတွက်သော်လည်းကောင်း အကောင်းမဖြစ် နိုင်ဟု သုတေသီအ ဖွဲ့ခေါင်းဆာင် အက်ဒီဘရွမ်မယ်လ် မန်ကဆိုသည်။ သူသည် အမ်စတာ ဒမ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ လွန် သုတေသီတစ်ဦးဖြစ်သည်။

သူတို့၏ ကလေးများသည် တခြားကလေးများ ထက် ပိုတော်သည်ဟု ဆိုသဖြင့် သူ တို့၏ကလေးများသည် မိမိကိုယ် မိမိ ပို၍လေးစားတန်ဖိုးထားလာမည် ဟု မိဘများက ထင်ကောင်းထင် နိုင်ကြောင်း၊ သို့သော် ရလဒ်မှာ ဆန့်ကျင်ဘက်ဖြစ်လေ့ ရှိကြောင်း၊ တစ်ကိုယ်ကောင်းဆန်သော အတ္တ ပေမဝါဒီဖြစ်လာတတ်ကြောင်း ဘရွမ်မယ်လ်မန်ကဆိုသည်။

အတ္တပေမဝါဒရှိသူသည် ရန် လိုသော အပြုအမူများကို ပြုမူတတ် သည်။ စိတ်ကျန်းမာရေးကိုလည်း ထိခိုက်တတ်သည်။
အတ္တပေမဝါဒ နှင့်ပတ်သက်၍ ဆန့်ကျင်ဘက်သီ အိုရီနှစ်ခုရှိသည်။ သီအိုရီတစ်ခုမှာ မိဘများက မိမိတို့၏သားသမီးများ ကို တန်ဖိုးထားလွန်းပါက ကလေး များသည် အတ္တပေမဝါဒဆိုင်ရာ လက္ခဏာများနှင့် ကြီးထွားလာတတ် သည်ဟူ၍ဖြစ်၏။
ကျန်သီအိုရီမှာ မိဘများက မိမိတို့သားသမီးများအ ပေါ် နွေးထွေးသော မေတ္တာလွှမ်းခြုံ မှုမပြလျှင် ကလေးများတွင် အတ္တပေမ ဝါဒဆိုင်ရာ လက္ခဏာများ ဖြစ်ပေါ် လာတတ်သည်။

သုတေသီတို့သည် ဤလေ့လာ မှုကို နယ်သာလန်တွင် ကလေး ၅၆၅ ဦးတို့အား လေးကြိမ် ကွင်းဆင်း လေ့လာတွေ့ရှိခဲ့သည့် အချက်အ လက်များအပေါ် အခြေပြုခဲ့သည်။

သုတေသီတို့ ကွင်းဆင်းလေ့လာစဉ် က ထိုကလေးများသည် အသက် ရ နှစ်မှ ၁၁ နှစ်အတွင်းရှိကြသည်။ ထိုကလေးများကို လည်း သူတို့၏ သက်ဆိုင်ရာမိဘများနှင့် ခြောက်လ ခွဲထားသည်။

မိဘများက ကလေးများအပေါ် တန်ဖိုးထားလွန်းခြင်း၏ရလဒ်ကို ''တို့ သားသမီးက တခြားကလေးတွေ ထက်ပိုတော်တယ်''ဟုဆို သည်ကို အမေများနှင့် အဖေများ မည်မျှ သဘောတူညီမှုရှိကြသနည်းဆိုသည် နှင့် တိုင်းတာသည်ဟုဆိုသည်။

ထို့ပြင် မိဘများက သားသမီး များကို ချစ်သည်ဆိုသည်ကို ကလေး များအား သိစေသည်ဆိုသည်ကို အမေများနှင့် အဖေများ မည်မျှသ ဘောတူညီကြသည်ဆိုသည်နှင့်လည်း တိုင်းတာသေးသည်။

ထိုမျှသာမက ကလေးများ၏ အတ္တပေမအား အနည်းအများနှင့် မိမိကိုယ်မိမိ အထင်ကြီးလေးစား မှုအား အနည်းအများကိုလည်း တိုင်း တာသည်ဟု သုတေသီတို့က ဆို သည်။

သားသမီးများကို မိဘများက တန်ဖိုးထားလွန်းခြင်းသည် ကလေး များတွင် အတ္တပေမ အဆင့်မြင့်ခြင်း နှင့် ဆက်စပ်လျက် ရှိသည်ကိုလည်း ကောင်း၊ မိဘများက သားသမီးများ အပေါ် နွေးထွေးစွာ မေတ္တာလွှမ်း ခြုံခြင်းနှင့် ကလေးများ မိမိကိုယ် မိမိ အထင်ကြီးလေးစားမှု ပို၍ ရှိခြင်းတို့ ဆက်စပ်မှုရှိနေသည်ကို လည်းကောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။

Xinhua , Democracytoday
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment