Pages

Wednesday, March 25, 2015

အိန္ဒိယ ရုပ်ရှင်မင်းသားကြီး Shashi Kapoor အမြင့်ဆုံး ရုပ်ရှင်ထူးချွန်ဆုရ


RangonNewsDaily:: March . 25 .2015
အိန္ဒိယ ရုပ်ရှင်လုပ်ငန်းမှာ သရုပ်ဆောင်နဲ့ ဒါရိုက်တာ အဖြစ် နှစ်ပေါင်းများစွာ ပါဝင် ရိုက်ကူးခဲ့တဲ့ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီး Shashi Kapoor ဟာ အိန္ဒိယ ရုပ်ရှင်လောကမှာ အမြင့်မားဆုံးဆုဖြစ်တဲ့ Dada Saheb Phalke Award ဆု ကို ရရှိသွားပါတယ်။

ဒီဆုကို အိန္ဒိယ သတင်းနဲ့ ရုပ်သံလွှင့် ၀န်ကြီးဌာနက နှစ်စဉ်ကျင်းပတာဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွက် ဆုကို စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ မင်းသားကြီး Shashi Kapoor က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Dada Saheb Phalke Award ဟာ အိန္ဒိယ ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ဖို့ ထူးချွန်ပြောင်မြောက်စွာ ကူညီဆောင်ရွက်တဲ့သူတွေကို အစိုးရက ချီးမြှင့်တဲ့ ဆုဖြစ်ပြီး Shashi Kapoor က ၄၆ ယောက်မြောက် ဆုရရှိသူဖြစ်ပါတယ်။

သူဟာ အိန္ဒိယ ရုပ်ရှင်ထူးချွန်ဆု မြောက်များစွာကို ရရှိထားသူဖြစ်ပြီး ဗြိတိသျှနဲ့ အမေရိကန် ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Deewar ၊ Kabhie Kabhie စတဲ့ ရုပ်ရှင်တွေဟာ Shashi Kapoor ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး ဇာတ်ကားတွေ ဖြစ်ပါတယ်။

bbc , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment