Pages

Wednesday, March 25, 2015

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အရောင်းမြှင့်တင်ရေး အစီအစဉ်ကာလ ကို ထပ်မံ တိုးမြှင့်

RangonNewsDaily:: March . 25 .2015
ဆွေသဟာ အစီအစဉ် နှင့် အင်တာနက် Package အရောင်းမြှင့်တင်ရေး အစီအစဉ် များ၏ အောင်မြင်မှုများကို တွေ့ ကြုံရပြီးနောက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် အရောင်းမြှင့်တင်ရေး အစီအစဉ် ကာလကို မတ်လနောက်ပိုင်းထိ ရက်တိုးမြှင့်ရန် ဆုံးဖြတ်လိုက်ပါသည်။ဆွေသဟာ အင်တာနက် အရောင်းမြှင့်တင်ရေးအစီအစဉ် ကို သုံးစွဲသူ အများအပြား က ကျေးဇူးတင် ရှိခဲ့ကြပြီး အရောင်းမြှင့်တင်ရေး ကာလ ကျော်လွန်သည့် မတ်လနောက်ပိုင်း တွင်ပါ သုံးစွဲခွင့်ရရန် တောင်းဆို ခဲ့ကြပါသည်။
သုံးစွဲသူပြည်သူများ၏ တောင်းဆိုမှုကို အလေးထား သောအားဖြင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သည် ပရိုမိုရှင်း ကာလကို ထပ်မံ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ ပါသည်။

သို့ဖြစ်ပါ၍ ဆွေသဟာ သုံးစွဲသူများသည် မြန်နှုန်းမြင့် အင်တာနက်ကို ၅၀% လျော့ဈေး ဖြစ်သော 1MB လျှင် ၇ကျပ်၊၅၀ပြားဖြင့် ဆက်လက် သုံးစွဲနိုင်မည် ဖြစ်ပါသည်။ထို့ပြင် အင်တာနက် Packages များကိုလည်း 400MB လျှင် ၂၈၀၀ကျပ်၊1GBလျှင် ၆၅၀၀ ကျပ်၊ 5GB လျှင် ၂၅၀၀၀ျပ်ဖြင့် ဈေးလျှော့ ထားသည့် နှုန်းထား အတိုင်း ဆက်လက်၍ သုံးစွဲနိုင်ကြမည်ဖြစ်ပါသည်။

သုံးစွဲသူများအနေနှင့် လက်ရှိ အရောင်းမြှင့်တင်ရေး နှုန်းထားများကို တစုံတရာ ထပ်မံ မကြေညာမီကာလအထိ ခံစားသုံးစွဲ နိုင်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်ဈေးနှုန်း များ ကိုလျှော့ချပေးသည့်ပြင် အရောင်းမြှင့်တင်ရေး အစီအစဉ်များကို ဆက်လက် ပေးသွားပါမည်။ဆွေသဟာ သုံးစွဲသူအားလုံး သည် မိမိနှစ်သက်ရာ MPT မိုဘိုင်းနံပါတ်(၃)ခုကို တစ်မိနစ်လျှင် ၂၅ကျပ်ဖြင့် ဆက်လက် ခေါ်ဆို နိုင်မည် ဖြစ်ပြီး အရောင်းမြှင့်တင်ရေးအစီအစဉ် ကာလအတွင်း ရက်အကန့်အသတ်မရှိ ခေါ်ဆို နိုင်မည် ဖြစ်ပါ သည်။

ဤ နှုန်းထားကို ခံစားနိုင်ရန် အတွက် ADD နှင့် MPTမိုဘိုင်းနံပါတ် ကို space ခြား၍ ရိုက်ပြီး ၁၃၃၂ သို့ sms ပေးပို့နိုင် ပါသည်။ယခင်က ကန့်သတ် ထားသော သက်တမ်း ရက်(၃၀)ဖြင့် အသုံးပြုနေသူများ သည်လည်း နှစ်သက်ရာနံပါတ် အစီအစဉ် ကို နောက်ထပ် ရယူ သုံးစွဲနိုင် ပါသည်။နှစ်သက်ရာ နံပါတ်များကို မတ်လ(၁)ရက်နေ့ နောက်ပိုင်း စာရင်းသွင်း ထားသူ များ အနေနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ် ရက်တိုးခြင်းကို နောက်ထပ် တစုံတရာ မကြေညာမီ ကာလ အထိ အလိုအလျောက် ရရှိ သုံးစွဲနိုင်မည်ဖြစ် ပါသည်။မတ်လ (၁)ရက်နေ့ အပါအ၀င်နှင့် မတ်လ (၁)ရက်နေ့မတိုင်မီ စာရင်းသွင်း ထားသော နံပါတ်များဖြစ်ပါက ထပ်မံ စာရင်း သွင်းခြင်းဖြင့် အရောင်းမြှင့်တင်ရေးအစီအစဉ် နှုန်းထားကို နောက်ထပ် မကြေညာ မီကာလအထိ ခံစား နိုင် ပါသညိ။ ရက်(၃၀)လျှင် နံပါတ် တစ်ခု ပြောင်းလဲ စာရင်း သွင်းနိုင်ပါသည်။

ယခု ကြေညာချက်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနှင့် ဈေးကွက်ယှဉ်ပြိုင် မှုကို ပို၍ လိုလားခြင်း၊ သုံးစွဲသူ အပေါ် ပို၍ အလေးထားလာခြင်း တို့ကို ပြသလိုက် သော အမှတ် လက္ခဏာ သစ် တစ်ခုဖြစ်ပါသည်။

ပရိုမိုးရှင်းကို ခံစားနိုင်ရန်အတွက် ဆွေသဟာကို ရယူထားရန် လိုပါသည်။ဆွေသဟာကို ရယူပြီး သူများသည် လျှော့ဈေး နှုန်းထားများ အတိုင်း အလိုအလျောက် ဆက်လက် ရရှိနေမည် ဖြစ်ပါသည်။ ဆွေသဟာကို မရရှိသေးပါက SWE ဟု ရီုက်ပြီး ၁၃၃၂ သို့ sms ပေးပို့ နိုင် ပါသည်။ ၀န်ဆောင်မှု ရယူခြင်းမှာ အခမဲ့ဖြစ်ပါသည်။ဆွေသဟာ အစီအစဉ် ပယ်ဖျက်ခြင်း ကို လည်း အချိန် မရွေး ပြုလုပ်နိုင်ပါသည်။

Yangon Media , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment