Pages

Wednesday, March 25, 2015

ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေး ကန့်သတ်ခွင့်ပြုမည်

RangonNewsDaily:: March . 25 .2015
မြန်မာနိုင်ငံတွင် ရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ကန့်သတ်ချက်များဖြင့်သာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

ခရီးသည်တင် လေယာဉ်များနှင့် ရဟတ်ယာဉ်မှာ သယ်ယူပို့ဆောင်ရေး စနစ် ခြားနားသည့်အပြင် ရဟတ်ယာဉ်များ၏ ဝေဟင်သွားလာရေးစနစ်၊ ရှာဖွေ ကယ်ဆယ်ရေး ကိစ္စများပါ ထည့်သွင်း စဉ်းစားရမည်ဖြစ်ပြီး နိုင်ငံလုံခြုံရေးများပါ သက်ဆိုင်နေသည့်အတွက် အထိုက်အလျောက် ကန့်သတ်ချက်များ ဖြင့်သာ လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“သတ်မှတ်တဲ့ အမြင့်ပေအတိုင်း ပျံသန်းပေမယ့် ရဟတ်ယာဉ်မှာ အဲဒီလို မရှိဘူး။ Transit Visa ပြည်ဝင်ခွင့် မရှိတဲ့အခါကျ ရဟတ်ယာဉ်ပေါ်ခရီးသည် ဘယ်သူတွေပါလဲ။ လူကုန်ကူး၊ မူးယစ်ဆေး၊ တရားမဝင်တာတွေ အကုန်လုံး ကို ထောင့်ပေါင်းစုံက စဉ်းစားပြီး ကန့်သတ်ချက်နဲ့ လုပ်ကိုင်ခွင့်ပေးသွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်သည် မတ်လ ၁၇ ရက်က မလေးရှားနိုင်ငံ လန်ကာဝီမြို့တွင်ကျင်းပသည့် International Maritime and Aerospace Exhibition ပြပွဲတွင် မြန်မာနိုင်ငံ၏ ရဟတ်ယာဉ် သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်ရန် အမေရိကန်နိုင်ငံ Bell ရဟတ်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ နှင့် Beech လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီများ၏ TAXOL ကုမ္ပဏီတို့နှင့် ဆွေးနွေးမှုရှိခဲ့ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနထံမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကလည်း ပြည်တွင်းခရီးသွားလုပ်ငန်း အတွက် ပုဂ္ဂလိက ရဟတ်ယာဉ်များဖြင့် ပထမဆုံး ဝန်ဆောင်မှုပေးနိုင်ရန် Global Integrated Service Ltd (GIS) က စီစဉ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပြေးဆွဲနိုင်ခြင်း မရှိခဲ့ပေ။လက်ရှိ ပြည်တွင်းတွင် ထူးအုပ်စုဥက္ကဋ္ဌ ဦးတေဇ ပိုင်ဆိုင်သည့် ရဟတ်ယာဉ် နှစ်စင်း ရှိသည်။

The Voice , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment