Pages

Wednesday, March 25, 2015

၃ နှစ်ခြားပြီးမှ ကလေးထပ်ယူခွင့်ရမည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်ပြီ

RangonNewsDaily:: March . 25 .2015
ယခင်ကကဲ့သို့ ကလေးတစ် ယောက်ပြီး တစ်ယောက်လိုသလို မွေးဖွား လို့ ရမည်မဟုတ်တော့သည့် ဥပဒေကြမ်းတစ်ခုကို ပြည်သူ့လွှတ် တော်တွင် အတည်ပြုလိုက်ပြီ ဖြစ် သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တို့၌ ကလေးမွေးဖွားနှုန်းမြင့် မားနေခြင်းတို့ကြောင့် အဓိကပြဋ္ဌာန်း လိုက်ရသည့် အဆိုပါ ဥပဒေကြမ်း နှင့်အတူ မြန်မာဗုဒ္ဓဘာသာမိန်းမ များ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကိုလည်း ပြည်သူ့လွှတ် တော်က တစ်ကြိမ်တည်းမှာပင် အ တည်ပြုလိုက်သည်။

မြန်မာနိုင်ငံ ရှေ့နေများကွန် ရက်အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကမူ လူဦးရေတိုးပွားနှုန်း ဆိုင်ရာ ဥပဒေသည် တစ်နိုင်ငံလုံး လွှမ်းခြုံမှုမရှိစေဘဲ ဒေသအချို့ကို သာ လွှမ်းခြုံသင့်ကြောင်းနှင့် ဗုဒ္ဓ ဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း သည် မလိုအပ်ဟု ဝေဖန်သည်။

သို့သော်လည်း ပြည်သူ့လွှတ် တော်တွင် ပြည်ခိုင်ဖြိုးပါတီ လွှတ် တော် ကိုယ်စားလှယ်များ၊ တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ် များနှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်အများစုကမူ ထောက် ခံခဲ့ကြသည်။ ပြည်ခိုင်ဖြိုးပါတီဗဟိုထိပ်တန်းကော်မတီဝင်တစ်ဦးက နောင် အနာဂတ်အတွက်ထိုဥပဒေ များကို တင်သွင်းပြဋ္ဌာန်းခဲ့ရသည် ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရစ်ယာန်ဘာသာဝင်ချင်း တိုင်း ရင်းသားအမတ်တချို့နှင့် ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီမှ ရေဖြူလွှတ်တော်ကိုယ် စားလှယ်ဦးဝင်းဦးတို့က ၄င်း ဥပဒေ နှစ်ခုကို သဘောမတူကြောင်းကန့်ကွက်ခဲ့ကြပါသည်။

''လူ့အခွင့်အရေးနဲ့ မညီလို့ပါ'' ဟု ချင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။
အမျိုးသားလွှတ်တော်၌ ကိုး ကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းများကို ဆွေးနွေးနေပြီး ပြည်သူ့လွှတ်တော်ထံကိုလည်း ရောက်ရှိသွားပြီ ဖြစ်သည်။
လွှတ်တော်၏ ဥပဒေများအရ ဥပဒေတစ်ခုကိုပြဋ္ဌာန်းလိုလျှင် ပြည် သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်အပါအဝင် ပြည်ထောင်စု လွှတ်တော်ကသဘောတူပြီး နိုင်ငံ တော်သမ္မတ ရေးထိုးလျှင် ဥပဒေ က အသက်ဝင်သွားမည်ဖြစ်သည်။

Popular Myanmar, KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment

 
world time