Pages

Wednesday, March 25, 2015

ဒေါ်လာငွေကြေးမြင့်တက်မှုက မြန်မာ့စီးပွားရေးနှင့် အစိုးရအပေါ် ဝန်ထုပ် ဝန်ပိုးဖြစ်လာဖွယ်ရှိ


RangonNewsDaily:: March . 25 .2015
ဒေါ်လာဈေး ဆက်လက်မြင့်တက်လာပါက နောင်တက်မည့်အစိုးရအပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုမြင့်တက်လာဖွယ်ရှိ နေကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်အသိုင်းအ၀ိုင်းက ပြောသည်။ မြန်မာကျပ်ငွေဈေးနှုန်း သည် အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ပင် တန်ဖိုးဆက်တိုက် ကျဆင်းလာပြီး မတ်လဆန်းမှ မတ်လ ၂၅ ရက်အထိ ကျပ် ၅၀ ခန့်အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်စပိုင်းမှ စတင်မြင့်တက်ခဲ့သည့် အမေရိကန်ဒေါ်လာငွေကြေးတန်ဖိုး မြင့်တက်မှုဂယက်မှာ မြန်မာ့စီးပွားရေးနှင့် နိုင်ငံ၏ ပြည်ပကြွေးမီ ရှင်းလင်း ချိန်တွင် ထိခိုက်မှုများရှိလာမည်ဟု ဘတ်ဂျက်ပညာရှင် ဦးဇော်ဖေ၀င်းက ဆိုသည်။

“ဒေါ်လာဈေးတွေ ဆက်တက်နေဦးမယ်ဆိုရင် နောက်တက်မယ့်အစိုးရ အတွက် ၀န်ထုပ်ဝန်ပိုးတွေ ပိုများလာ မယ်။ နိုင်ငံ့စီးပွားရေးမှာလည်း ထိခိုက်မှုတွေမြင့်တက်လာမှာပါ။ အခုသွင်းကုန်လိုငွေတွေ၊ ဘတ်ဂျက် လိုငွေ တွေ၊ ငွေကြေးဖောင်းပွမှုတွေက ဒေါ်လာဈေးမြင့်တက်မှုမှာ အနုတ်လက္ခဏာ တွေဖြစ်လာမှာပါ” ဟု ၎င်းက ရှင်းပြသည်။

ဒေါ်လာငွေကြေးတန်ဖိုးမြင့်တက်မှုကြောင့် ပြည်ပနိုင်ငံမှချေးငွေအား မြန်မာ့ ငွေကြေးနှင့် လဲလှယ်ရာတွင် ကျပ် ငွေတန်ဖိုးကျဆင်းနေပြီး ချေးငွေ ရယူချိန် က ငွေလဲနှုန်းထက် ချေးငွေ ပြန်ဆပ်ချိန်၌ မြင့်မားသည့် ဒေါ်လာငွေ ကြေးတန်ဖိုးနှင့် ပြန်ဆပ်ရပါက အစိုးရအတွက် ၀န်ထုပ်ဝန်ပိုးဖြစ် စေမည်ဖြစ် သည်။

သွင်းကုန် တန်ဖိုးမြင့်တက်မှုမှာ နိုင်ငံအကြွေးတင်ခြင်းသာဖြစ်ပြီး ယင်းမှာ နိုင်ငံစီးပွားရေးအပေါ် ရိုက်ခတ်ကြောင်း၊ အစိုးရ ဘတ်ဂျက်လိုငွေပြမှု၊ နိုင်ငံ့ ဝန်ထမ်းလစာ တိုးပေးမှုများ၊ အနည်းဆုံးလုပ်ခလစာဥပဒေ အသက်ဝင်ချိန် ပုဂ္ဂလိက အလုပ်သမားတို့၏ ငွေကြေးပိုမိုသုံးစွဲမှုများမှာ နိုင်ငံငွေကြေး ဖောင်းပွ မှုကို သာ ဦးတည်နေခြင်း ကြောင့် နိုင်ငံစီးပွားရေးအား ထိခိုက်မှုရှိစေသည်ဟု ပညာရှင်များက ပြောသည်။

စီးပွားရေး ပညာရှင် ဦးမော်သန်းက “အမေရိကန် စီးပွားရေးတက်လို့ ဒေါ်လာငွေကြေးတက်တာဟာ တခြားနိုင်ငံတွေမှာ ဘယ်လောက်ရိုက်ခက်လဲ ကြည်ဖို့လိုမယ်။ အခုဂျပန်ယန်းငွေလို ခိုင်မာတဲ့နိုင်ငံတွေရဲ့ ငွေတန်ဖိုးပါ ကျ ဆင်းပြီဆိုရင် မြန်မာမှာလည်း ထိခိုက်မှုက နည်းနည်းစိုးရိမ်ရဖို့ရှိနိုင်တယ်။ ဒီဂယက်က သွင်းကုန်တွေ လျော့ကျလာမယ်” ဟု သုံးသပ်သည်။

ထိုကဲ့သို့ဒေါ်လာငွေကြေးတက်ချိန် နိုင်ငံအတွက် အနုတ်လက္ခဏာဆောင် မည့် ငွေကြေးသုံးစွဲမှုများ၊ အကြွေးယူမှုများ အားစဉ်းစားသင့် သကဲ့သို့ နိုင်ငံဝင်ငွေပိုမိုရရှိမည့် ၀န်ဆောင်မှုဝင်ငွေ တိုးတက်အောင် ပြုလုပ်ရမည်ဟု ၎င်းတို့က အကြံပြုသည်။

ကုန်သွယ်ရေးလုပ်ငန်းရှင် ဦးမင်းသိန်းက “အခုနယ်စပ်တွေမှာလည်း ဒေါ်လာတန်ဖိုးတက်ပြီး ယွမ်ဈေးကျတော့ ပိုကုန်သမားတွေက ကြိုက်ပေမယ့် သွင်းကုန်သမားတွေကတော့ ထိခိုက်မှုတွေရှိလာနေတယ်။ အခု ငွေလဲနှုန်း ထပ်တက်ရင်တော့ သွင်းကုန် ခဏနည်းသွားမှာပါ’’ ဟု ဆိုသည်။

Mizzima , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment