Pages

Wednesday, March 25, 2015

ဂျာမန် လေယာဉ် ပျက်ကျမှု အသက်ရှင်သူ မရှိ


RangonNewsDaily:: March . 25 .2015
ပြင်သစ်နိုင်ငံ တောင်ပိုင်းက အဲလ်ပ် တောင်တန်းပေါ်မှာ ပျက်ကျသွားတဲ့ Germanwings လေကြောင်းပိုင် ရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းကို ရှာတွေ့ခဲ့ပြီလို့ ပြင်သစ် ပြည်ထဲရေး ၀န်ကြီးက ပြောပါတယ်။
ဒါပေမယ့် ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ လေယာဉ်ကနေ အန္တရာယ် ကြုံတွေ့တဲ့ အချက်ပြမှုကို ပို့လွှတ်တာမျိုး၊ အကူအညီ တောင်းခံတာမျိုးလည်း မရှိခဲ့ပါဘူး။ လေယာဉ်ကနေ အကူအညီ တောင်းခံခဲ့တယ်လို့ အစောပိုင်းက သိရှိရတဲ့ သတင်းက မှန်ကန်မှု မရှိပါဘူး။

ခရီးစဉ် 4U 9525 လေယာဉ်ဟာ စပိန်နိုင်ငံ ဘာစီလိုနာ မြို့ကနေ ဂျာမနီနိုင်ငံ ဒူးဆဲလ်ဒေါ့ဖ်ကို ပျံသန်းစဉ် ပြင်သစ်တောင်ပိုင်း အဲလ်ပ် တောင်းတန်းပေါ်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၁၄၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး တို့ လိုက်ပါသွားပြီး အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။
::
သေဆုံးသူတွေထဲမှာ ဂျာမန် ကျောင်းသားငယ် ၁၆ ဦးလည်း အပါအ၀င် ဖြစ်တယ်လို့ သိရပါတယ်။
ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေက ၀မ်းနည်း တုန်လှုပ်ကြောင်း ဖော်ပြ ပြောဆိုခဲ့ပါတယ်။
လေယာဉ် ပျက်ကျတဲ့ နေရာက သွားရောက်ဖို့ ခက်ခဲတဲ့ လျှိုမြောင်ထူထပ်တဲ့ နေရာ ဖြစ်ပြီး ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ ခက်ခက်ခဲခဲ သွားရောက်နေပါတယ်။

ခရီးသည် ၁၅ဝ တင်ပြီး ပြင်သစ် တောင်ပိုင်း အဲ့လ်ပ် တောင်တန်းပေါ်မှာ ပျက်ကျသွားတဲ့ Germanwings လေကြောင်း လေယာဉ် ပျက်ကျ တဲ့ နေရာက သွားရောက်ဖို့ ခက်ခဲတဲ့ လျှိုမြောင် ထူထပ် တဲ့ နေရာ ဖြစ်ပြီး ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ ခက်ခက်ခဲခဲ သွားရောက်ခဲ့ရပါတယ်။
::
ဒီနေရာကို သွားကြည့်ခဲ့ရတဲ့ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Frank-Walter Steinmeier က ကြောက်မက်စရာ ပုံကားတချပ် ကြည့်ရတာနဲ့ တူတယ်လို့ ပြောပါတယ်။
လေယာဉ်ပျက်အပိုင်းအစတွေ တောင်စောင်းပေါ်မှာ ပြန့်ကျဲနေတာ တွေ့ရပါတယ်။
မနေ့ မနက် က Alps နှင်းတောင်တန်း ပေါ် မှာ ပျက်ကျခဲ့တဲ့ Germanwings လေကြောင်း အဲယားဘတ်စ် A320 လေယာဉ်က ရုပ်အလောင်းတွေကို ရယူဖို့ ရာသီဥတု ဆိုးနေလို့ ရက်တွေနဲ့ ချီ ကြာနိုင်ပါတယ်။
::
နယ်မြေခံ ပြင်သစ် သတင်းထောက် စတေဖန်း ဒူးကလေး က လေယာဉ်ပျက်ကျတဲ့ ဆီ ရဟတ်ယာဉ် နဲ့ သွားကြည့် အပြီး ဘီဘီစီ ကို အခုလို ပြောပါတယ်။
''ဒီနေရာ ဟာ သိပ်ပြီး မတ်စောက် တဲ့ ချောက်နက် ဖြစ်နေလို့ လေယာဉ်ပျက်ဆီ ရောက်အောင် နာရီပေါင်း အတန်ကြာအောင် လျှောက်သွားရမှာပါ။ မြင်သလောက်ပြောရရင် လေယာဉ် အပိုင်းအစ တွေ ပြန့်ကျဲ နေတာ တွေ့ ခဲ့ရပါတယ်။
::
လေယာဉ်ပျက်ကျတဲ့ နေရာ လို့ ပြောနိုင်တာကလည်း ကယ်ဆယ်ရေး ရဟတ်ယာဉ် တွေ အများကြီး ဝဲနေ လို့ပါ ''လို့ ရှင်းပြပါတယ်။
လေယာဉ်ပေါ်ပါ ခရီးသည်တွေ အနက် အသက် ၁၅ နှစ် ဝန်းကျင် ဂျာမန် ကျောင်းသူ ကျောင်းသား ၁၆ ဦး ဟာ ဆရာမ နှစ်ဦး နဲ့ အတူ စပိန်နိုင်ငံ ကို လေ့လာရေး ခရီးထွက်လာတာပါ။

အခုလို ဂျာမန် ခရီးသည် အများဆုံး လိုက်ပါလာတဲ့ လေယာဉ် ပျက်ကျတဲ့ အတွက် ဂျာမန် ဝန်ကြီးချုပ် အင်ဂလာ မာကဲလ်ဟာ ကနေ့ မှာ အခင်းဖြစ်ပွားရာ ကို သွားရောက် စစ်ဆေးမှာပါ။






BBC ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment