Pages

Saturday, December 13, 2014

အမ်းမရိတ်ကွင်း နာမည်ကို အာစင်ဝင်းဂါး ကွင်းဟု ပြောင်းလဲ သင့်ကြောင်း အလန်ပါဂျူး ပြော

RangonNewsDaily:: December . 13 .2014
နယူးကာဆယ် အသင်းနည်းပြ အလန်ပါဂျူးက အာစင်ဝင်းဂါးသည် မော်ရင်ဟိုထက် ပိုမို ကောင်းမွန်သော နည်းပြ ဖြစ်သည့် အတွက် အာဆင်နယ် ပရိသတ်များ အနေဖြင့် ယခုထက် ပိုမို၍ လေးစား သင့်ကြောင်း ပြောသည်။
အာဆင်နယ် အသင်းက စတုခ်စီးတီး အသင်းကို ရှုံးနိမ့်သည့် ပွဲတွင် အာဆင်နယ် ပရိသတ်များက အာစင်ဝင်းဂါးအား အသင်းမှ ထွက်ခွာ သွားရန် တောင်းဆိုခဲ့ သည်ကို ပါဂျူးက အံ့အား သင့်လျက် ရှိသည်။ အလန်ပါဂျူးသည် မန်ယူ နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်ကို ပရီးမီးယားလိဂ် သမိုင်းတွင် အကောင်းဆုံး နည်းပြ အဖြစ် သတ်မှတ်ထားပြီး အာစင်ဝင်းဂါးမှာ ဒုတိယ အကောင်းဆုံး နည်းပြ အဖြစ် နေရာပေး ထားသည်။

အာဆင်နယ် အသင်း အနေဖြင့် အာစင်ဝင်းဂါးကို ဂုဏ်ပြုသည့် အနေဖြင့် အမ်းမရိတ်ကွင်း နာမည်ကို အာစင်ဝင်းဂါးကွင်း ဟုပင် ပြောင်းလဲ သင့်ကြောင်း ပြော သည်။

အာဆင်နယ် အသင်းသည် စတုခ်စီးတီး အသင်းအား ရှုံးနိမ့်ပြီးနောက်တွင် ပရီးမီးယားလိဂ်၌ အဆင့်ခြောက် နေရာသို့ ရောက်ရှိနေပြီး ထိပ်ဆုံးမှ ချယ်လ်ဆီးနှင့် ရမှတ် ၁၃ မှတ်ကွာဟ လျက်ရှိသည်။

အလန်ပါဂျူးက “၀င်းဂါးကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့တဲ့ အတွက် အာဆင်နယ် ပရိသတ် ၉၉ ရာခိုင်နှုန်းက ရှက်နေကြ လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
ဒါကို ပြန်ပြီး တုံ့ပြန် နိုင်ပါတယ်။

အာစင်ဝင်းဂါးကို သူတို့ ချစ်ကြောင်း ပြသလိုကြ ပါလိမ့်မယ် လို့လည်းထင်ပါတယ်။ အမ်းမရိတ်ကွင်း နာမည်ကိုအာစင်ဝင်းဂါး ကွင်းလို့တောင် နာမည်ပြောင်း သင့်တာပါ။ ဟိုက်ဘူရီ ကွင်းကနေ ဒီကွင်းကြီး ဖြစ်လာအောင် ၀င်းဂါးက အပြောင်းအရွှေ့ အသုံးစရိတ်ကို ချွေတာပြီး မဖြစ်ဖြစ်အောင် လုပ်ခဲ့တာပါ။

အဲ့ဒီလို အနေအထားမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ဆက်တိုက်ဝင်ခွင့် ရအောင် စွမ်းဆောင် နိုင်ခဲ့တဲ့ သူ့ရဲ့အရည်အချင်းက ချီးကျူးဖို့ ကောင်း ပါတယ်။ ၀င်းဂါး ကအ ကြီးကျယ်ဆုံး အလုပ်တွေကို လုပ်ပြ ပြီးပြီဆိုတာ အာဆင်နယ် အသင်းနဲ့ ပတ်သက်သူ အားလုံး သိပါတယ်။ ကျွန်တော့် အတွက်တော့ သူဟာ ဖာဂူဆန် ပြီးရင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နည်းပြပါပဲ။ မော်ရင်ဟိုရဲ့ စွမ်းဆောင်ပြမှု တွေကတောင် လုံလောက်မှု မရှိသေး ပါဘူး” ဟု ပြောသည်။

အလန်ပါဂျူးသည် ၂၀၀၆ ခုနှစ်က ချာလ်တန် နည်းပြ ဘ၀တွင် အာစင်ဝင်းဂါးနှင့် ကွင်းစည်း ဘေးတွင် အချင်းများခဲ့ ဖူးသော်လည်း အာဆင်နယ် အသင်း၏ ပွဲစဉ်များ စောင့်ကြည့် ရသည်ကို နှစ်သက်ကြောင်းနှင့် ၀င်းဂါးကို အမြဲ လေးစားခဲ့ကြောင်း ပြောသည်။

Ref: Daily Mail, 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment