Pages

Saturday, December 13, 2014

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် တပည့်များ အင်းစိန်တွင် တရားစခန်းဝင်၊ ရဲတပ်ဖွဲ့က စောင့်ကြည့်နေ

RangonNewsDaily:: December . 13 .2014
ယခင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် တပည့် များသည် အင်းစိန် မိုးကုတ် ၀ိပဿနာ ရိပ်သာတွင် တရားစခန်း ခုနစ်ရက် ၀င်ရောက်လျက် ရှိရာ ရဲတပ်ဖွဲ့က စောင့်ကြည့် နေကြောင်း သတင်း ရရှိသည်။ သူ့တပည့် တွေလည်း ပါတယ်။ ထောက်လှမ်းရေး သတင်း အရ ပါ။ စောင့်ကြည့်နေ ပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြန်တမ်းဝင် အရာရှိ တစ်ဦးက The Messenger Media သို့ပြောသည်။
အဆိုပါ တရားစခန်းသည် (၁၀) ကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ပြီး အမျိုးသမီး (၁၀၀) ကျော်၊ ဗိုလ်ချုပ် ခင်ညွန့်နှင့် သူ၏ တပည့် ထောက်လှမ်းရေး အရာရှိဟောင်း (၂၀) ကျော် ပါဝင်ကြောင်းလည်း သိရသည်။ အဆိုပါ တရားစခန်းသည် ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၅) ရက်နေ့ အထိ ဖွင့်လှစ်မည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ကိစ္စ အတွက် အထူးအထွေ သီးသန့် လုပ်ဆောင်ခြင်း မပြုဘဲ၊ လုံခြုံရေးသာ ချထားကြောင်း အင်းစိန် မြို့နယ် ရဲစခန်းမှူး ဒုတိယရဲမှူး မျိုးမြင့်ကြိုင်က The Messenger Media သို့ ပြောသည်။

သူတို့ချည်း သက်သက် မဟုတ်ဘူး။ အခြား လူတွေလည်း ပါတယ်။ ဆရာတော် တစ်နေ့ခင်းလုံး တရား ပြတယ်။ ညကျရင်တော့ တရားပွဲပေါ့ ဟု အဆိုပါ အင်းစိန် မိုးကုတ် ၀ိပဿနာမှ ခေါင်းဆောင် ဆရာတော် တစ်ဦး ဖြစ်သည့် အောင်ဆန်း ဆရာတော်က The Messenger Media သို့ ပြောသည်။ 


ယခုနှစ် အောက်တိုဘာလ (၇) ရက်နေ့က ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးချုပ်သိန်းဆွေ အပါအ၀င် ယခင် ထောက်လှမ်းရေး ထိတ်တန်းခေါင်းဆောင် ခုနစ်ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့သည်။ ထိုကဲ့သို့ ထောက်လှမ်းရေး အကြီးအကဲဟောင်းများ ပြန်လည် လွတ်မြောက်လာ ပြီးနောက် ၎င်းတို့၏ လှုပ်ရှားမှုများကို သက်ဆိုင်ရာမှ စောင့်ကြည့် နေကြောင်း ရဲတပ်ဖွဲ့ဝင်များ ထံမှ သိရသည်။

Messenger , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment