Pages

Saturday, December 13, 2014

အိန္ဒိယတွင် အတင်းအကျပ် ဘာသာပြောင်းခိုင်းသည် ဟုဆိုကာ မွတ်ဆလင် မိသားစုများ ထွက်ပြေး

RangonNewsDaily:: December . 13 .2014
အိန္ဒိယနိုင်ငံ အဂ္ဂရာ ပြည်နယ်တွင် မွတ်စလင် မိသားစု ၅၇ စုက ၎င်းတို့ ဆန္ဒမပါဘဲ ဟိန္ဒူ ဘာသာသို့ ကူးပြောင်း သွားရ
သည်ဟု ဆိုကာ မွတ်စလင် မိသားစု တစ်ဒါဇင် နီးပါးတို့မှာ နေအိမ်များမှ စွန့် ခွာ ထွက်ပြေး ခဲ့ကြသည်။
အာဏာရ ဘီဂျေပီ ပါတီနှင့် နီးစပ်သည့် ဟိန္ဒူ အမျိုးသားရေး ဝါဒီများက ဘာသာ ကူးပြောင်းရန် မွတ်စလင်များ အပေါ် ဖိအားများ ပေးခဲ့ကြောင်း မွတ်စလင် အဖွဲ့ အစည်းများက စွပ်စွဲသည်။ စွပ်စွဲချက်ကို ဟိန္ဒူများ ဖက်က ငြင်းဆန်ပြီး အဆိုပါ မိသားစုများမှာ မိမိတို့၏ သဘောအတိုင်း ဘာသာကူးပြောင်း လာကြခြင်း သာ ဖြစ်ကြောင်း ပြောသည်။

ထိုအတော အတွင်း ခေါင်းမာသည့် ဟိန္ဒူ များသည် အိန္ဒိယ၏ စုစည်းမှုနှင့် ပင်ကိုယ် အရှိတရားကို ဖြိုလှဲ နေလျက် ရှိကြောင်း အတိုက်အခံ အမတ်များက စွပ်စွဲ ကြသည်။

ယင်းပြဿနာသည် ပါလီမန် အတွင်း ပြင်းပြင်းထန်ထန် ဆွေးနွေး ငြင်းခုံမှုများ ပေါ်ပေါက် စေပြီး ဝန်ကြီးချုပ် နာရန္ဒြာ မိုဒီ

အနေဖြင့် ရှင်းလင်းပေးရန် အတိုက် အခံ ပါတီများက တောင်းဆိုလျက် ရှိသည်။

ဝန်ကြီးချုပ် မိုဒီဦးဆောင်သည့် ဘီဂျေပီ ပါတီ အစိုးရ လက်အောက်တွင် ဟိန္ဒူ အမာခံအဖွဲ့ များ၏ လှုပ်ရှား ဆောင်ရွက်မှုများ တွင်တွင် ကျယ်ကျယ် ရှိလာနေ ကြောင်း ဝေဖန်သူ များက ပြောသည်။

မကြာသေးမီ အချိန်ကလည်း အစိုးရအဖွဲ့ ဝင် ဝန်ကြီး တစ်ဦးဖြစ်သူ နီရန်ဂျန် ဂျေယိုတီက လူစုလူဝေး တစ်ရပ်သို့ စကားပြောဆို ရာတွင်ဟိန္ဒူ မဟုတ်သူများ ကိုထိခိုက် စေသည့် စကားများ ပြောဆိုခဲ့သည်။ 

ဟိန္ဒူ နတ်ဘုရား၏ သားသမီးများကို ရွေးချယ်မည်လား သို့ မဟုတ် မျိုးမစစ် များ၏ သားသမီး များကိုရွေးချယ် မည်လားဟု နီရန် ဂျန်ယိုတီကပြော ဆိုမေးမြန်း ခဲ့သဖြင့် ဆူဆူပူပူ ဖြစ်ခဲ့ သေးသည်။ အမျိုးသမီး ဝန်ကြီး နီရန်ဂျေယိုတီ၏ ပြောစကားကို သဘော မကျကြောင်း မိုဒီက ပြောခဲ့ သော်လည်း ရာထူး မှဖယ်ရှား အရေးယူခြင်း မရှိခဲ့ပေ။

BBC , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment