Pages

Saturday, December 13, 2014

ပရိသတ် သောင်းကျန်းမှု အတွက် ယူအီးအက်ဖ် ၏အရေးယူမှုနှင့် ဆဲလ်တစ် ရင်ဆိုင်ရ ဖွယ်ရှိ


RangonNewsDaily:: December . 13 .2014
ပြီးခဲ့သည့် ကြသပတေးက ဒိုင်နမို ဇာဂရက်နှင့် ကစားခဲ့သော ယူရိုပါလိဂ် ပွဲတွင် ပရိသတ် များက မီးတောက်ဖြစ်ပေါ် အောင်ဖန်တီး မှုဖြင့် ဆဲလ်တစ် အသင်းမှာ ယူအီးအက်ဖ်အေ ၏အရေး ယူမှုနှင့် ရင်ဆိုင် ရဖွယ်ရှိနေသည်။
ခရိုအေးရှားရဲများမှာ ဆဲလ်တစ် ပရိသတ်များ ကိုလူစု ခွဲခဲ့ရာတွင် စီအက်စ် စပရေးများကို အသုံးပြုခဲ့ သည်ဟုလည်း သတင်း များထွက် ပေါ်လာခဲ့သည်။ ဆဲလ် တစ်နှင့် ဒိုင်နမိုဇာဂရက်တို့ ပွဲမစ မီတွင် ဆဲလ်တစ် ပရိသတ်များ ဘက်၌ မီးတောက်ကို ကိုင်မြှောက်ထား သူရှိ ခဲ့ရာ ရဲများ အနေဖြင့် နောက်ထပ် ပြဿနာများ ကြီးထွား မလာစေရန် ကြိုးပမ်း ခဲ့ကြသည်။

အကြမ်းဖက် နှိမ်နင်းရေး ၀တ်စုံပြည့် ၀တ်ဆင် ထားသည့် ရဲများသည် စကော့တလန် ကလပ်ဆဲလ် တစ်ပရိသတ် များထံ သွားရောက်ကာ အခြေအနေ ကိုထိန်း သိမ်းရာ၌ CS စပရေး များကို အသုံးပြု ခဲ့ခြင်း ဖြစ်သည်။ ရွန်နီဒီလာ ၏ဆဲလ်တစ် အသင်းမှာ ယူရိုပါလိဂ် အုပ်စုအဆင့်တွင် ခြောက်ပွဲ ကစား၊ နှစ်ပွဲနိုင်ဖြင့် ဒုတိ ယ နေရာ ရရှိခဲ့သည်။

ဒိုင်နမိုဇာဂရက်နှင့်ပွဲတွင် ဆဲလ်တစ်မှာ ခရစ်ကွန်မွန်း၊ စတီဖင်နှင့် ပြိုင်ဘက် အသင်းမှ ကစားသမား ပီဗာရစ် ကိုယ့်ဂိုး ကိုယ်သွင်း ယူသော ဂိုးများဖြင့်အနိုင်ရ ရန်မလုံ လောက်ခဲ့ဘဲ ဒိုင်နမိုဇာဂရက်မှ မာကိုပီဂျာကာ သွင်းယူသော ဟက်ထရစ်နှင့် မာဆယ်လိုသွင်း ယူသောဂိုး တို့ကြောင့် ပွဲအပြီးတွင် ၄-၃ ဂိုးဖြင့်ရှုံး နိမ့်ခဲ့ ရသည်။

အုပ်စု ဒုတိယနေရာ ဖြင့်သာအဆုံး သတ်ခဲ့သောကြောင့် ဆဲလ်တစ် အသင်းမှာ ဆီဒင်အဆင့် သတ်မှတ်ခံ ရခြင်းမ ရှိသဖြင့် တနင်္လာနေ့တွင် နောက်တစ် ဆင့် မဲခွဲရာ၌ အဲဗာတန်၊ အင်တာမီလန်၊ နာပိုလီကဲ့သို့သော အသင်းများနှင့် ရင်ဆိုင်ရ ဖွယ်ရှိနေသည်။

Ref : Daily Mail ,Mizzima , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment