Pages

Saturday, December 13, 2014

ပေါင် ၈ သန်း တန်ဂျိုအာကွင်း ကိုခေါ်ယူရန် ချယ်လ်ဆီးနှင့် မန်စီးတီး အပြိုင်ကြိုးပမ်း


RangonNewsDaily:: December . 13 .2014
မန်စီးတီးအသင်းသည် အာဂျင်တီးနားကလပ် အက်စတူဒီ ယန်တက်စ်မှ ပေါင် ၈ သန်းခန့်တန်ကြေးရှိ အလားအလာရှိ အာဂျင်တီးနား ကစား သမား ဂျိုအာကွင်း ကော်ရီယာကို ခေါ်ယူရန်ပြော ဆိုဆွေးနွေး မှု၌ပါဝင်လာ ပြီဖြစ်သည်။
ချယ်လ်ဆီး၊ ပီအက်စ်ဂျီ နှင့် မိုနာကိုအသင်း တို့ကလည်း အသက် ၂၀ အရွယ်ရှိ ယင်းကွင်းလယ် တိုက်စစ် သမားကို စောင့်ကြည့် နေကြသည်။ အက်စတူ ဒီယန် အသင်းကမူ လာမည့် အပြောင်းရွှေ့ ကာလအတွင်းတွင် ကော်ရီယာကို ဆမ်ဒိုးရီးယား အငှားကစား အဖြစ် မြင်တွေ့ရနိုင် ကြောင်း ကြေညာထားသည်။

ကော်ရီယာ ကိုပြီးခဲ့သည့် နိုဝင်ဘာ အတွင်းက ပေါ်တူဂီကလပ် ဘင်ဖီကာ အသင်းက ပေါင် ၆ သန်းဖြင့် ကမ်းလှမ်း ခဲ့သော်လည်း ပယ်ချ ခံခဲ့ရသည်။

မန်စီးတီးနည်းပြ ပယ်လီဂရီနီတွင် ကွင်းလယ်တိုက်စစ် နေရာအတွက် ကစားသမား ကောင်းများစွာပိုင် ဆိုင်ထားပြီး ဖြစ်သော်လည်း ယင်းချီလီ လူမျိုးနည်းပြ အနေဖြင့် ကော်ရီယာမှာ ၎င်းလိုချင်သည့် အရည်အသွေးမျိုး ပိုင်ဆိုင်ထားသူဖြစ် သောကြောင့် ခေါ်ယူနိုင်ရန် စိတ်အား ထက်သန်နေသည်။

Ref : Daily Mail , Mizzima , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment