Pages

Wednesday, November 12, 2014

အမေရိကန်သမ္မတအိုဘားမား မနက်ဖြန်ည နေပြည်တော်သို့ ရောက်ရှိမည် ၊ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်နိုင်ခြင်းမရှိ

RangonNewsDaily:: November . 11 .2014
အမေရိကန်သမ္မတအိုဘားမားသည်မနက်ဖြန် နိုဝင်ဘာ ၁၂ရက်ည(၇)နာရီခန့်တွင် နေပြည်တော်
သို့ ရောက်ရှိမည်ဖြစ်သည်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်နိုင်ခြင်းမရှိဘဲ ၄င်းအစား ဝန်ကြီးချုပ်ဖြစ်သူ ဒီမီထရီမက်ဗက်ဒက်ဖ် တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာမီဒီယာများက သမ္မတအိုဘားမားနှင့် ပူတင်တို့ ယခုထိပ်သီးအစည်းအဝေးပွဲတွင် အလွတ်သဘောတွေ့ဆုံကာ ယူကရိန်း ပြဿနာကိုပြောဆိုနိုင်မည်ဟု လွန်ခဲ့သောရက်ပိုင်းက ခန့်မှန်းခဲ့ကြသည်။

နိုဝင်ဘာလ (၁၁)ရက်နေ့ နေ့လည်ပိုင်းတွင်မူ ဘရူနိုင်း၊အိန္ဒိယ၊အင်ဒိုနီးရှား၊ လာအို၊မလေးရှား၊ဖိလစ်ပိုင်၊စင်ကာပူ၊ထိုင်း၊ဗီယက်နမ်မှ ခေါင်းဆောင်များ ရောက်ရှိမည်ဖြစ်သည်။
::
အဆိုပါအစည်းအဝေးကို နိုဝင်ဘာ (၁၂)နှင့်(၁၃)ရက်နေ့များတွင် နေပြည်တော်ရှိ အပြည်ပြည်
ဆိုင်ရာ ကုန်သွယ်မှုဗဟိုစင်တာ MICC 1 တွင်ကျင်းပမည်ဖြစ်ပြီးအာဆီယံ (၁၀)နိုင်ငံမှ ထိပ်
သီးခေါင်းဆောင်များအပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်အပါအဝင် တရုတ်၊
အိန္ဒိယ၊ သြစတြေးလျ၊ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှား၊ ကုလသမဂ္ဂနှင့် အာရှဖွံဖြိုးရေး
ဘဏ်မှ ထိပ်တန်းခေါင်းဆောင်များတက်ရောက်ကြမည်ဖြစ်သည်။
::
မြန်မာအစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အစည်းအဝေးတက်ရောက်မယ့် ကမ္ဘာ့ခေါင်းဆောင် စာရင်းတွေကတော့ --------
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် – ဘန်ကီမွန်း
အမေရိကန်သမ္မတ – ဘားရတ်အိုဘားမား
ရုရှား ၀န်ကြီးချုပ်- ဒီမီထရီ မက်ဗီဒက်
သြစတေးလျ ၀န်ကြီးချုပ်- တိုနီအက်ဘော့
တရုတ်ဝန်ကြီးချုပ်- လီကီချမ်း
အိန္ဒိယ ၀န်ကြီးချုပ်- နာရန်ဒရာ မိုဒီ
ဂျပန်ဝန်ကြီးချုပ် – ရှင်ဇိုအာဘေး
တောင်ကိုရီးယား သမ္မတ- ပတ်ဂွန်ဟေး
နယူးဇီလန် ၀န်ကြီးချုပ် – ဂျွန်ကီး
မြန်မာသမ္မတ – ဦးသိန်းစိန်
အင်ဒိုနီးရှားသမ္မတ- ဂျိုကို ၀ီဒိုဒို
ဖိလစ်ပိုင်သမ္မတ- ဘီနစ်နို အကွီနို
ထိုင်းဝန်ကြီးချုပ်- ပရာရွတ်ချန်အိုချာ
စင်ကာပူဝန်ကြီးချုပ်- လီရှန်လွန်း
မလေးရှားဝန်ကြီးချုပ် – နာဂျစ်ရာဇတ်
ဗီယက်နမ်ဝန်ကြီးချုပ်- ငုရင်တန်ဒေါင်း
ကမ္ဘောဒီးယားဝန်ကြီးချုပ်- ဆမ်ဒက် ဟွန်ဆန်
လာအိုဝန်ကြီးချုပ်- သွန်ဆင်း သမ်မာဗွန်
ဘရူနိုင်းဘုရင်- ဆူလ်တန် ဟာဂျီ ဟာစန်နယ် ဘိုကီးရား
အာဆီယံအတွင်းရေးမှူးချုပ်- လျူ လောင်မင်း
အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ – တာကီဟီကို နာကာအို

DVB ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment