Pages

Tuesday, November 11, 2014

မန္တလေးချော်ဆိပ် ပင်မရေနံသိုလှောင်ရုံမီးလောင်မှု လူ၆ဦးဒဏ်ရာရ ၂ဦးစိုးရိမ်ရ၊ကျပ်၃၃သိန်းကျော်ဖိုးဆုံးရှုံး


RangonNewsDaily:: November . 11 .2014
မန္တလေးမြို့မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် ရှိ ပင်မရေနံသိုလှောင်ရုံ ခ အဆင့်တွင် ယနေ့မီးလောင် ကျွမ်းမှုကြောင့် လူ၆ဦးဒဏ်ရာ ရရှိခဲ့ပြီး ၂ဦးမှာစိုးရိမ်ရကြောင်း မန္တလေးမြို့ဗဟိုမီးသတ်ဦးစီးဌာနမှသိရသည်။မီလောင်ကျွမ်းရသည့်အကြောင်းအရင်းမှာ ၈ဘီးဘောက်ဆာကား ခေါင်းခန်းအတွင်းမှ main switch မှစတင်လောင်ကျွမ်း ခဲ့ပြီး ကားခေါင်းတစ်ခုလုံးလောင်ကျွမ်းသွားခဲ့ကြောင်း နောက်ထပ်အခြားကားတစ်စီးကို မီးဟပ် သွားခဲ့ကြောင်း အဆိုပါမီးလောင်မှုကြောင့် ဓာတ်ဆီဂါလန် ၁၀၀ တန်ဘိုး ၃၃၅၀၀၀ကျပ်နှင့် ကား၂စီးတန်ဘိုး သိန်း၃၀ အပါအဝင်စုစုပေါင်း ၃၃၃၅၀၀၀ကျပ်ဆုံးရှုံးခဲ့ကြောင်းသိရသည်။


မီးလောင်မှုနှင့်ပတ်သက်ပြီး ဒဏ်ရာရသူ ထဲမှ ၂ဦးကို အမှတ်၇ရဲစခန်းက ပ /၇၀၇ /၂၀၁၄ ပုဒ်မ၂၈၅ ဖြင့်အရေးယူထားကြောင်းသိရသည်။

ယခုလအတွင်းမန္တလေးခရိုင်မှာ မီးလောင်ကျွမ်းမှု၃ကြိမ်ရှိသွားဖြစ်ကြောင်း ဗဟိုမီးသတ်ဌာနမှသိရသည်။

Popular Myanmar , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment