Pages

Wednesday, November 12, 2014

အောင်ဇေယျတံတား အတက်တွင် ယာဉ် (၂)စီး မျက်နှာချင်းဆိုင် တိုက်မိသဖြင့် (၃)ဦးသေဆုံး

RangonNewsDaily:: November . 12 .2014
၁၀.၁၁.၂၀၁၄ရက်နေ့ ၂၃၄၅အချိန်တွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်း လမ်းအတိုင်း လှိုင်သာယာဘက်မှ အင်းစိန်ဘက်သို့ ယာဉ်မောင်း ကိုနန်းလင်း (၃၀)နှစ် မောင်းနှင်လာသော 3G---နစ်ဆန်းယူဒီထရပ်ယာဉ်သည် အောင်ဇေယျ တံတား အတက်အရောက် တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ အသက် (၃၀)နှစ်ခန့်ရှိ အမည်မသိ အမျိုးသား တစ်ဦး မောင်းနှင်လာသော 7E---အဖြူရောင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ် (၂)စီးပျက်စီးခဲ့ပြီး 7E---ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦးတို့တွင်ဒဏ်ရာများ အသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြပါသည်။
::
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုနန်းလင်းအား လှိုင်သာယာမြို့မရဲစခန်းယာဉ် (ပ)၁၆၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment