Pages

Wednesday, November 12, 2014

ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဆင်ရေးအသုံးစရိတ်အတွက် ကျပ်သန်း ၁၀၀ တောင်းခံ

RangonNewsDaily:: November . 12 .2014
စစ်ဆင်ရေးအသုံးစရိတ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ကျပ်သန်း ၁၀၀ တောင်းခံမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၀ ရက်ကပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ ဆွေးနွေးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း၏ ရငွေသုံးငွေများနှင့်စပ်လျဉ်းကာ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က စစ်အသုံးစရိတ်နှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က "စစ်ဆင်ရေးအသုံးစရိတ် သန်း ၁၀၀ တင်ပြတောင်းခံတာတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာရှိတဲ့ တပ်မတစ်ခုရဲ့ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှာ စခန်းသုံးဖို့ ကွန်ကရစ်ဘန်ကာငါးလုံးတည်ဆောက်ဖို့နဲ့ ကွန်ကရစ်တိုင်နဲ့ ခြံစည်းရိုးကာဖို့အတွက် တိုးမြှင့်ပြီးတင်ပြရခြင်းဖြစ်ပါတယ်" ဟုပြောကြားသည်။
::
ယင်းကဲ့သို့ စစ်ဆင်ရေးအသုံးစရိတ်တောင်းခံခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်နိုင်ခြင်းရှိမည်မဟုတ်ကြောင်း၊ မထိခိုက်နိုင်ကြောင်းကိုလည်း အောက်တိုဘာ ၂၇ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြထားပြီးဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဆက်လက်ပြောကြားသည်။

အောက်တိုဘာ ၂၇ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅ ခုနှစ်အတွက်တောင်းခံသည့် ဘက်ဂျက်ငွေပမဏမှာ ကျပ် ၂၃၆၅၈၃၁ ဒသမ ၂၁၈ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ) ရှိကြောင်းသိရသည်။
::
အဆိုပါငွေများထဲမှ သာမန်အသုံးစရိတ်မှာ ကျပ် ၇၁ ဘီလျံရှိပြီး ကျန်ငွေများမှာ ငွေလုံးငွေရင်းအသုံးစရိတ်ဖြစ်ကြောင်း၊ သုံးပုံတစ်ပုံကို စစ်ဆင်ရေးအတွက်အသုံးပြုထားပြီး ကျန်ငွေများကို လစာ၊ စရိတ်၊ အဆောက်အအုံနှင့် အခြားကိစ္စရပ်များတွင်အသုံးပြုထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ရှင်းလင်းထားသည်။
::
မြန်မာနိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း တောင်းခံခဲ့သော အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် တောင်းခံခဲ့သော အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံမှာ အိမ်နီးချင်းနိုင်ငံများ၏ စစ်အသုံးစရိတ်နှင့်နှိုင်းယှဉ်ပါက များပြားခြင်းမရှိကြောင်း သိရသည်။

EMG ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment