Pages

Sunday, November 30, 2014

ဂါဇာမြို့ ရေကြီးမှု အရေးပေါ်အခြေအနေအဖြစ် ယူအန်န် ကြေညာ

RangonNewsDaily:: November . 30 .2014
နှစ်ရက်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးမှုပြင်းထန်စွာ ဖြစ်ပွား နေတဲ့အတွက်
ဂါဇာကမ်းမြှောင်ဒေသကို စိုးရိမ်ရတဲ့ အရေးပေါ်ဒေသ အဖြစ် ယူအန်န်က ကြေညာလိုက်ပါတယ်။
သေဆုံးသူဦးရေအတိအကျကို မသိရသေးပေမယ့် စာသင်ကျောင်း ၆၃ ကျောင်းကို ပိတ်ထား
လိုက်ပြီး ဘေးကင်းရာ ဒေသကို လူတွေရာ ချီပြီးပြောင်းရွှေ့သွားကြတယ် လို့ သိရပါတယ်။
သြဂုတ်လအတွင်းမှာ ပြီးဆုံးခဲ့တဲ့ အစ္စရေးတပ်များနဲ့ ဖြစ်ပွားခဲ့တဲ့ ဂါဇာမြို့ ကရက် ၅၀ တိုက်
ပွဲအပြီးမှာ ပါလက်စတိုင်း လူမျိုး ၄၀၀၀၀၀ ကျော်လောက် အိုးအိမ်တွေ စွန့် ပစ်ပြီး ထွက်ပြေး
ခဲ့ကြရပါတယ်။
::
စစ်ပွဲဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ဂါဇာမြို့ ကို ပြန်ပြုပြင်ဖို့ အတွက် နိုင်ငံတကာ အလှူရှင်တွေ
က ဒေါ်လာ ၅.၄ ဘီလျံ (၃.၄ ဘီလျံယူရို)အောက်တိုဘာလအတွင်းမှာ ပံ့ပိုးကူညီခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ ကစပြီး မိုးသည်းသည်းထန်ထန်ရွာသွန်းခဲ့တဲ့အတွက်တိုက်ပွဲကြောင့် ပျက်
စီးနေတဲ့ အိမ်ပျက်တွေနဲ့  ဂေဟာမှာ စုနေကြတဲ့ဂါဇာမိသားစုတွေက ပိုဒုက္ခရောက်ခဲ့ကြရပါတယ်။
::
"မကြာသေးခင်က ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် မကြုံစဖူး ကြုံခဲ့ရတဲ့ ထိခိုက် ပျက်စီးမှုတွေ
အပြင် ဆောင်းရာသီ အစော ပိုင်းကာလမှာ ကြုံရတဲ့ ပြင်းထန်တဲ့ မုန်တိုင်းတွေကြောင့်
ကျွန်တော်တို့ အရမ်းကို စိုးရိမ်မိပါတယ်။
အထူးသဖြင့် ဆောင်းရာသီမှာ နေဖို့ အတွက် နေစရာအိမ်ကိုရှာနေသေးတဲ့ မိသားစုတွေ
အတွက် ပိုပြီး စိုးရိမ်ပါတယ်။ ရေအရမ်းကြီးနေတဲ့အတွက် ကလေးတွေ ကျောင်းသွားဖို့ လဲ
ခက်ခဲနေပါတယ်" လို့ဂါဇာမြို့ က ပါလက်စတိုင်းအရေး ဆောင်ရွက်နေတဲ့ ယူအန်န်က ဒါရိုက်
တာ ရောဘတ် တာနာက ပြောပါတယ်။
::
သြဂတ်စ်လ ၂၆ ရက်မှာ ယာယီစစ်ပွဲရပ်ဆိုင်းထားခဲ့တဲ့ သီတင်းပတ် ၇ ပတ်ကြာ ဖြစ်ပွားခဲ့
တဲ့ ဂါဇာမြို့ က ပဋိပက္ခ အတွင်းမှာ သေဆုံးသူ ပါလက်စတိုင်းလူမျိုး ၂၁၀၀၊ အစ္စရေးစစ်သား
၆၇ ဦးနဲ့ အစ္စရေးအရပ်သား ၆ ဦးရှိခဲ့တဲ့အပြင် သေဆုံးခဲ့သူအများစုက အရပ်သားများဖြစ်
တယ်လို့ ယူအန်န်က ပြောပါတယ်။

BBC ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment

 
world time