Pages

Sunday, November 30, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် စာရေးဆရာ ထင်လင်ဦးကို ချောင်းဦးနယ်လုံးဆိုင်ရာ သံဃာများ ပတ္တနိကုဇ္ဈနကံဆောင်မည်

RangonNewsDaily:: November . 30 .2014
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်လုံးရှိ သံဃာတော်များက သာသနာတော်ကို ညှိုးနွမ်းစေရန် ဟောပြောခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပတ္တနိကုဇ္ဈန ကံဆောင်မည် ဖြစ်ကြောင်း ချောင်းဦးမြို့ ညောင်ပင်ပဇ္ဇောတာရုံ ကျောင်းတိုက်ဆရာတော် အရှင်ပဝရက The Voice သို့ မိန့်ကြားသည်။
စာရေးဆရာ ထင်လင်းဦး၏ ဟောပြောချက်များသည် ဗုဒ္ဓဘာသာကို အကြည်ညိုမဲ့ စော်ကားထားခြင်း ဖြစ်သောကြောင့် ၎င်းအနေနှင့် သံဃာတော်များကို ဝန်ချတောင်းပန်ရန် လိုအပ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သုံးပန်လှ ကျေးရွာတွင် ပြုလုပ်သော ဆရာတော် ဦးဝိစာရ အထိမ်းအမှတ်နေ့ စာပေဟောပြောပွဲ၌ စာရေးဆရာ ထင်လင်းဦးသည် ဗုဒ္ဒဘာသာအပေါ် အကြည်ညို ပျက်စေမည့် ဟောပြောချက်များ ပြုလုပ်ခဲ့၍ ချောင်းဦးမြို့နယ် သာသနာရေး ဦးစီးဌာနက စာရေးဆရာ ထင်လင်းဦးကို တရားစွဲဆိုထားသည်။
::
“သူ့ဟောပြောချက်မှာ အားနည်းချက် ရှိတာကို တွေ့ရတယ်။ ခုမြို့က သံဃာတွေက ကံဆောင်ကြမယ့်အပေါ် ပြောရရင်တော့ လုပ်သင့်တယ်လို့ ပြောချင်ပါတယ်” ဟု ချောင်းဦးမြို့နယ် NLD ပါတီဝင် ဦးသက်နွယ်ဦးက ဆိုသည်။
::
စာရေးဆရာ ထင်လင်းဦးကို ချောင်းဦးမြို့နယ် တရားရုံးတွင် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း ချောင်းဦးမြို့ ဒေသခံများထံမှ သိရသည်။

မန္တလေးမြို့တော်ရှိ အမျိုးသားဒီမိုကရေစီ အင်အားစု အပါအဝင် ပါတီကိုးခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးကို ဥပဒေအရ အရေးယူပေးရန်နှင့် ၎င်းဟောပြောချက်များကို လက်ခုပ်တီး အားပေးသော ကျေးရွာသားများကို ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ကို နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment