Pages

Sunday, November 30, 2014

ဦးသန်းရွှေနှင့် ဦးခင်ညွန့်တို့စကားနားထောင်ရင်း ဦးသိန်းစိန်သမ္မတဖြစ်လာဟု အစ်ကိုအရင်းကဖွင့်ဟ


RangonNewsDaily:: November . 30 .2014
မြန်မာနိင်ငံသမ္မတဦးသိန်းစိန် သမ္မတဖြစ်လာရသည့်အကြောင်းအရင်းများတွင် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ၊ဗိုလ်ချုပ်ခင်ညွန့် တို့၏ အနားတွင်နေပြီး ထိုသူများစကားနားထောင်ကာ ကလန်ကဆန်ပြောကြားမူများမရှိခဲ့ခြင်းက ဦးသိန်းစိန်အား မြန်မာနိင်ငံသမ္မတအဖြစ်သို့ရောက်ရှိစေခဲ့သည့် အကြောင်းအကြောင်းအရင်းများအနက်တစ်ခုအဖြစ် အစ်ကိုဖြစ်သူ ဦးထွန့်းမြင့်က ပြောကြောင်း မြန်မာသံတော်ဆင့် သတင်းစာတွင်ဖေါ်ပြထားသည်။
“…..နောက်တစ်ခုက သူက သူ့အထက်လူကြီးတွေကိုလေးစားတယ်။လူကြီးတွေရဲ့စကားကို နားထောင်တယ်။လူကြီးတွေကို ကလန်ကဆန်မလုပ်ဘူး။ဗိုလ်ချုပ်မှူးကြီးတွေ၊ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ၊ဗိုလ်ချုပ်ခင်ညွန့်တို့ အဲဒီ့အနားမှာနေပြီး အဲဒီလူတွေရဲ့စကားကိုနားထောင်တယ်။

သိပ်ပြီးတော့ ကလန်ကဆန်ခံပြောတာတို့၊ကြွတ်ဆတ်ဆတ် လုပ်တာတို့သူကမရှိဘူး။…..”ဟု သမ္မတဦးသိန်းစိန်၏ အစ်ကိုအရင်းဖြစ်သူ ဦးထွန်းမြင့်က ပြောကြောင်း မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ ၃ အမှတ် ၃၈ ပါသတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။

နိင်ငံတော်သမ္မတဦးသိန်းစိန်၏ ဇာတိမြို့ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ၊ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ၊ကျုံကူးတိုက်နယ်ကျေးရွာရှိ သမုဒ္ဒရံသီစေတီတော် ထီးတင်ပွဲအခမ်းအနားကိုယခုလ ၂၅ ရက်နေ့ကပြုလုပ်ရာတွင် သမ္မတကိုယ်တိုင်တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနား တွင် သမ္မတ၏အစ်ကိုဖြစ်သူဦးထွန်းမြင့်က ဦးသိန်းစိန်အကြောင်းသုံးသပ်ပြောကြားမှုများတွင်အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာသံတော်ဆင့်ဂျာနယ်သည် သမ္မတဦးသိန်းစိန်အား အသရေပျက်အောင်ကြံစည်ရေးသားသည်ဟူသောစွဲချက်အရ မီဒီယာဥပဒေဖြင့်တရားရင်ဆိုင်နေရသည့် သတင်းဌာနလည်းဖြစ်သည်။


Myanmar Msulim Media , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment