Pages

Sunday, November 30, 2014

ကမ္ဘာ့အသက်အငယ်ဆုံး မိုက်ခရိုဆော့ဖ်ကျွမ်းကျင်သူလက်မှတ် ၅ နှစ်သားအရွယ် မွတ်စလင်ကလေးငယ်ရရှိ

အသက်-၅ နှစ်အရွယ် အောင်လက်မှတ်ရသူ အိုင်ယမ်ကူရေရှီ 
RangonNewsDaily:: November . 30 .2014  လန်ဒန်။
အမေရိကန်နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်းက အောင်မြင်စွာ စမ်းသပ်စစ်ဆေးပြီးနောက် အသက်အငယ်ဆုံး မိုက်ခရိုဆော့ဖ်ကျွမ်းကျင်သူလက်မှတ်ကို ၅ နှစ်အရွယ် မွတ်စလင်ကလေးငယ် အိုင်ယမ်ကူရေရှီက ရရှိသွားပါတယ်။
“သံလိုက်အိမ်မြှောင်နဲ့ တယ်လီစကုပ်ကို ကျွန်တော်ကြိုက်တယ်၊ ဒါပေမယ့် သုံးမြှောင့်ဖန်တုံးကို ပိုပြီး ကြိုက်တယ်၊ သုံးမြှောင့်ဖန်တုံးကနေတစ်ဆင့် ဖြတ်သန်းသွားတဲ့အလင်းတန်းက သက်တန့်ရောင်ထွက်လာတာ အံ့သြစရာပဲ”လို့ အသက် ၅ နှစ်အရွယ် အိုင်ယမ်က အင်ဒီပန်းဒန့်သတင်းစာကို နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်လူမျိုး ဗြိတိန်မွတ်စလင်ဖြစ်တဲ့ ကူရေရှီဟာ စက်တင်ဘာလက ပြုလုပ်ခဲ့တဲ့ စည်းကမ်းတင်းကြပ်တဲ့ စစ်ဆေးမှုနဲ့ အသိအမှတ်ပြု စာမေးပွဲကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့အတွက် မိုက်ခရိုဆော့ဖ်အသိအမှတ်ပြုကျွမ်းကျင်သူ(MCP)တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ကွန်ပျူတာ Hardware ၊ Software နဲ့ OS အခြေခံသဘောတရားတွေကို ဘယ်လောက် နားလည်းသလဲဆိုတာကို စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပါတယ်။

စစ်ဆေးတဲ့အခါမှာ ကလေးငယ် အိုင်ယမ်ဟာ အမှတ် ၁၀၀၀ မှာ ၇၀၀ နဲ့ ပွတ်ကာသီကာ အောင်မြင်လာတာဖြစ်ပေမယ့်လည်း အသက် ၆ နှစ်မပြည့်ခင် ကမ္ဘာ့အငယ်ဆုံး မိုက်ခရိုဆော့ဖ်အသိအမှတ်ပြု ကျွမ်းကျင်သူတစ်ဖြစ်လာ ခဲ့ပါတယ်။

သူ့ရဲ့ဖခင် IT ပညာရှင်ကတော့ သူ့သားဟာ အသက် ၃ နှစ်အရွယ်မှာ ကတည်းက ကျွန်ပျူတာကို စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။

“သူ ကျွန်တော့်ဘေးမှာ ထိုင်ပြီး၊ ကျွန်တော်လုပ်တွေကို ဂရုတစိုက်ကြည့်နေလေ့ရှိတယ်”လို့ ဖခင်ဖြစ်သူ အစင်းမ်ကူရေရှိက ပြောပါတယ်။

ဒါကြောင့် ဖခင်ဖြစ်သူက ကွန်ပျူတာကို ဘယ်လိုအသုံးပြုရတယ်ဆိုတဲ့ အခြေခံသဘောတရားတွေကို ပြသပေးပါတယ်၊ Software, Hardware နဲ့ ပရိုဂရမ် install ၀င်းဒိုး install လုပ်နည်းတွေကို သင်ပေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ အိုင်ယမ်ဟာ ကွန်ပျူတာ OS နဲ့ပတ်သက်ပြီး ဗြောင်းဆန်အောင် မွှေနှောက်နိုင်ခဲ့သလို ကိုယ်ပိုင် workshop တစ်ခုကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။

အသက်-၅ နှစ်အရွယ် အောင်လက်မှတ်ရသူ အိုင်ယမ်ကူရေရှီ 
အခုလို ကျွမ်းကျင်လက်မှတ်ရသူတစ်ယောက်ဖြစ်လာပေမယ့်လည်း သူ့ပညာအရည်အချင်းတွေကို ဈေးကွက်မှာ မထုတ်ပြခင် ခေတ္တခဏတော့ ရပ်နားရပါဦးမယ်လို့ သူ့ဖခင်က ပြောပါတယ်။

“အခုအချိန်မှာ သူကျောင်းတက်ဖို့ လုပ်ရဦးမယ်လေ”လို့ အစင်းမ်ကူရေရှီက ဆိုပါတယ်။

“ဒါပေမယ့် IT နဲ့ပတ်သက်တဲ့ အရည်အသွေးတွေကိုတော့ ဒီထက်ပိုပြီး တိုးတက်လာအောင် သူလုပ်သွားမှာပါ”လို့ အစင်းမ်က ဆက်လက်ပြောပါတယ်။

အိုင်ယမ်ဟာ ပထမဆုံး အသက်ငယ်ငယ်နဲ့ မိုက်ခရိုဆော့ဖ်အသိအမှတ်ပြု လက်မှတ်ရ မွတ်စလင်ကလေးငယ်တော့ မဟုတ်ပါဘူး။ သူ့အရင် မွတ်စလင်ကလေး အများအပြားလည်း ရရှိဖူးပါတယ်။

၂၀၀၄ ခုနှစ်တုန်းက အရ်ဖာကရီးမ်လို့ခေါ်တဲ့ အသက် ၉ နှစ်အရွယ် ပါကစ္စတန်မိန်းခလေးတ်စဦးဟာလည်း အသက်အငယ်ဆုံး မိုက်ခရိုဆော့ဖ်အသိအမှတ်ပြု ကျွမ်းကျင်သူဖြစ်ခဲ့ဖူးပါတယ်။
ထူးခြားတဲ့ ပါရမီရှင်မိန်းခလေး ကရီးမ်ဟာ အရေးပါတဲ့ နိုင်ငံတကာ နည်းပညာညီလာခံနဲ့ ဖိုရမ်တွေမှာ ပါကစ္စတန်ကိုယ်စားပြုတက်ရောက်ခဲ့ပြီး ဘီလ်ဂိတ်နဲ့ တွေ့ဆုံဖို့လည်း ဖိတ်ကြားခံခဲ့ရပါတယ်။

ဒါပေမယ့် သူမဟာ ၀က်ရူးပြန်ရောဂါဖြစ်ပြီး ဘီလ်ဂိတ်ရဲ့ အဆင့်အမြင့်ဆုံး ဆေးဝါးကုသစရိတ် ပေးအပ်မှုကို လက်ခံရရှိပေမယ့်လည်း နောက်ဆုံး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ ကွယ်လွန်ခဲ့ပါတယ်။

အိုင်ယမ်ဟာ အသက် ၅ နှစ် ၁၁ လနဲ့ စံချိန်သစ်တင်လိုက်တာဖြစ်ပြီး သူ့အရင် အသက်အငယ်ဆုံး မိုက်ခရိုဆော့ဖ်ကျွမ်းကျင်သူလက်မှတ်ရ မွတ်စလင် ကလေးငယ်တွေကတော့ ---- အရ်ဖာကရီးမ် (အသက်-၉နှစ်)(၂၀၀၄)၊ ဘာဘရ် အိက္ကဗားရ်(အသက် -၉နှစ်)(၂၀၀၆)၊ ရှဖီးသိုဗာနီ(အသက်-၈ နှစ်)(၂၀၁၂)၊ မုဟမ္မဒ်အူဇိုင်းရ်(အသက်-၇နှစ်)(၂၀၁၃) တို့ဖြစ်ပြီး ထူးခြားချက်အနေနဲ့ကတော့ သူတို့အားလုံးဟာ ပါကစ္စတန်နွယ်ဖွား မွတ်စလင်ကလေးငယ် တွေဖြစ်နေပါတယ်။

Source : Onislam , (Myanmar Muslim Media)
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment