Pages

Saturday, August 16, 2014

Oppo ဆိုတာ ............................................


RangonNewsDaily:: August . 16 .2014
Oppo ဆိုတာ ကျွန်တော်တို့ မြန်မာပရိသတ်တွေနဲ့ အနည်းငယ်စိမ်းနေတဲ့ အမှတ်တံဆိပ် တစ်
ခုပဲဖြစ်ပါတယ်။ Oppo ဟာ တရုတ်နိုင်ငံအခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဖုန်းတွေ MP3 ဖွင့်စက်တွေ နဲ့ Blu-ray ဖွင့်စက်တွေ အဓိကထားပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ အခုကျွန်တော်မိတ်ဆက်ပေးချင်တဲ့ Oppo ရဲ့ ထုတ်ကုန်တစ်ခုကတော့ N1 လို့ခေါ်တဲ့ စမက်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။
Oppo ရဲ့ N1 ဟာ ပထမဆုံးဆိုတဲ့ စွမ်းရည်တွေနဲ့ ဈေးကွက်ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ ပထမဆုံးတွေလို့ သုံးလိုက်ရခြင်းကတော့ ဒီလိုပါ။ သူ့ရဲ့ရှေ့နောက်လှည့်ပြီး အသုံးပြုလို့ရတဲ့ ကင်မရာဟာ ကမ္ဘာ့ပထမဦးဆုံးအနေနဲ့ စမတ်ဖုန်းတစ်လုံးမှာ ပါဝင်လာခြင်းပဲဖြစ်ပါတယ်။ Oppo N1 ရဲ့ ကင်မရာဟာ ဒီဖုန်းရဲ့အကောင်းဆုံး အစိတ်အပိုင်းတစ်ခုလို့ ဆိုရင်လည်း မှားမှာမဟုတ်ပါဘူး။

ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

Oppo ဟာ ဒီဇိုင်းကို အဓိကထားတဲ့ ကုမ္ပဏီလို့ နာမည်ကြီးတဲ့နည်းတူ N1 ရဲ့ ဒီဇိုင်းဟာလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးပါ။ N1 ရဲ့ ကိုယ်ထည်ဟာ ပလတ်စတစ် ဖြစ်ပေမယ့် တန်းမြင့် ဖုန်းတစ်လုံးရဲ့ ပုံစံ ထွက်ပါတယ်။ နောက်ကျောပြင်ဟာ ထိတွေ့မှုနဲ့ အသုံးပြုနိုင်တာ အလွန်ထူးခြားပါတယ်။

၆ လက်မနီးပါး ကြီးမားသလို ၉ မီလီမီတာ အထူ ရှိတဲ့အတွက် အနည်းငယ်တော့ ဖုန်းက ကိုင်ရတာ ထူနေပါလိမ့်မယ်။ အလေးချိန်က လည်း ၂၁၃ ဂရမ်ဆိုတဲ့အတွက် စမတ်ဖုန်း တစ်လုံးအတွက် အတော့် ကို လေးပါတယ်။
::
မျက်နှာပြင်

N1 ရဲ့ မျက်နှာပြင်ဟာ ၅.၉လက်မဆိုတဲ့အတွက် မျက်နှာပြင်ကြီးကြီး Phablet ဖုန်းတွေကို အသုံးပြုချင်တဲ့ သူများအတွက်တော့ အံ ကိုက်ပါပဲ။ ရုပ်ထွက် အပိုင်းမှာ တော့ 1920 x 1080 pixels ဆိုတဲ့အ တွက် Full HD ပုံထွက်နှုန်းကို ရရှိမှာဖြစ်သလို စာလုံးများဟာလည်း ထင်ရှား ပေါ်လွင်ပါတယ်။
::
ကြည်လင်ပြတ်သားမှုမှာလည်း ပုံထွက်သိပ်သည်းဆ 377 Pixel Per Inch ဆိုတော့ မဆိုးလှပါဘူး။ ရုပ်ရှင်ကြည့်ရာမှာ ကောင်းမွန်ပြီး Contrast လည်း မှန်ကန်ပါတယ်။ ဒါပေမယ့် N1 ထက် မျက်နှာပြင် အရွယ်အစား ပိုမို သေးငယ်တဲ့ HTC One (M8) တို့ LG G3 တို့ရဲ့ မျက်နှာပြင်များဟာ ပိုမို ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

စွမ်းဆောင်ရည်

ပရော်ဆက်ဆာကိုတော့ 1.7 GHz Qualcomm Snapdragon 600 Quad Core ကို အသုံးပြုထားပြီး ဂရက်ဖစ် ပရော်ဆက်ဆာကတော့ Adreno 320 ပါ။ RAM ကတော့ 2GB ထည့်သွင်းပေးထားပြီး သိုမှီးမှုပမာဏက 16MB နဲ့ 32MB ရှိပါလိမ့်မယ်။ 
::
Snapdragon 600 ပရော်ဆက်ဆာဟာ အနည်းငယ် ဟောင်းနေပြီးလို့ ဆိုနိုင်ပေမယ့် ဖုန်းရဲ့ လုပ်ဆောင်ချက်များကို အထစ်အငေါ့မရှိ ဆောင်ရွက်ပေးနိုင်ပါတယ်။ microSD ကဒ် ထည့်လို့ မရတဲ့ အချက် တော့ အံ့အားသင့်စရာ ဖြစ်ပါတယ်။

N1 မှာ ထူးထူးခြားခြား Operating System ၂ ခု ပါတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ခုကတော့ Color လို့ခေါ်တဲ့ Android 4.3 အခြေခံ Oppo ရဲ့ မူပိုင် User Interface ဖြစ်ပြီး မူရင်း Android အပေါ် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ထားပါတယ်။
::
နောက်တစ်ခုကတော့ လတ်တလောမှာ နာမည်ရနေတဲ့ Android ကိုပဲ အခြေခံထားတဲ့ Root လုပ်စရာ မလိုတော့တဲ့ Custom Rom အဖြစ်သုံးနိုင်တဲ့ CyanogenMod ပဲ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်များ

မျက်နှာပြင်ကို ၂ ချက်ပုတ်ပြီး ဖုန်းကို နိုးထလာအောင် လုပ်နိုင်သလို အရှေ့၊ အနောက် လိုအပ်သလို ပတ်လည်လှည့်ပြီး သုံးနိုင်တဲ့ ကင်မရာတို့ဟာ အလွန်ထူးခြားတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။
::
အခြား ထူးခြားတဲ့ စွမ်းဆောင်ရည်ကတော့ O-Touch Panel ပါပဲ။ စာဖတ် ရင်ပဲ ဖြစ်ဖြစ် အင်တာနက်သုံးရင်ပဲဖြစ်ဖြစ် Scroll လုပ်တဲ့နေရာမှာ မျက်နှာပြင် ပေါ်ကနေ လုပ်စရာမလိုဘဲ နောက်ကျောပြင်မှာ တပ်ဆင်ပေးထားတဲ့ ထိတွေ့ မှုသုံး Panel လေးကို အသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်။ 

လက်တစ်ဖက်ထဲနဲ့ အသုံးပြုဖို့ အလွန်မှကို အဆင်ပြေစေပါတယ်။
နောက်ထပ် လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ O-Click Bluetooth လို့ခေါ်တဲ့ အဝေးထိန်း ခလုတ်ကလည်း သင့်ဖုန်းကို အထားမှားပြီး ခဏခဏ ပျောက် တတ်တဲ့ ဒုက္ခကနေ ကင်းဝေးစေမှာပါ။
::
သော့ချိတ်ပုံစံ ဒီခလုတ်လေးဟာ ဖုန်း နဲ့ ၁၅ မီတာ အတွင်းမှာ ရှိနေမယ်ဆိုရင် ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ အသံမြည်လာမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ ကင်မရာကို အဝေးကနေ ထိန်းချုပ် နိုင်ပါတယ်။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်များအတွက် ဖုန်းရဲ့ Bluetooth နဲ့ တော့ တစ်ချိန်လုံး ချိတ်ဆက်ထားရမှာပါ။

ဘက်ထရီ
ဘက်ထရီကတော့ 3610 mAh ဖြစ်ပြီး ကြီးမားတဲ့ မျက်နှာပြင် အရွယ်အစားနဲ့ လိုက်ဖက်
ညီအောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ သာမန် အသုံးပြုမှုမှာ ၂ ရက်တိတိ တာရှည်ခံတဲ့ ဘက်ထရီ ဖြစ်ပါတယ်။

နိဂုံး
Oppo ရဲ့ N1 ကတော့ စိတ်ဝင်စားဖွယ်ရာ အချက်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ကင်မရာဟာ ဆိုရင်လည်း ရှေ့၊ နောက် လှည့်လို့ရပြီး 13 MP ပုံထွက်နှုန်းရှိတဲ့ Selfie တွေ ရိုက်လို့ရမှာပါ။ ၅.၉ လက်မ မျက်နှာပြင်နဲ့ Full HD ကတော့ မီဒီယာပိုင်း အသုံးပြုသူများအတွက် သူတွေအတွက် စိတ်ကျေနပ်စရာ ကောင်းလှပါတယ်။ 
::
CyanogenMod ထည့်သွင်းထား လို့ အသုံးဝင်ပြီး ထူးခြားတဲ့ လုပ်ဆောင်ချက် အချို့လည်း ပါရှိပါတယ်။ စမတ်ဖုန်းလောကမှာ ပြိုင်ပွဲဝင်အသစ်ဖြစ်တဲ့ Oppo အနေနဲ့ N1 နဲ့ ပြိုင် ဘက်ကြီးတွေကို အလဲထိုးဖိုးတော့ မဖြစ်နိုင်သေးပါဘူး။

YB (MCG) ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment