Pages

Saturday, August 16, 2014

ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည့် တောင်သူများနှင့် ရဲတပ်ဖွဲ့ရုန်းရင်းဆန်ခတ်ဖြစ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်

RangonNewsDaily:: August . 16 .2014
စဥ့်ကူးမြို့နယ်၊ ညောင် ၀န်းကျေးရွာတွင် တပ်သိမ်းမြေ များပြန်ရရေး ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေသည့် ဒေသခံတောင်သူ များနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၁၄ ရက် နံနက်ပိုင်း က ညောင်ဝန်းကျေးရွာဘောလုံး ကွင်းအနီးတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲရန် တောင်သူများစုဝေးနေ စဉ် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာ ပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး၏ ဘယ်ဘက် ခြေသလုံးသေနတ်ထိမှန်ခဲ့ကာ မန္တလေးဆေးရုံကြီးသို့ တင်ပို့ထားရကြောင်း ဒေသခံတောင်သူများ ကပြောသည်။

‘‘တပ်သိမ်းမြေတွေ ပြန်ရဖို့ တောင်သူတွေက ထွန်တုံးတိုက်ပွဲ လုပ်နေတာ နှစ်လလောက်ရှိပြီ။ ဒီနေ့မနက်ပိုင်းကလည်း ထွန်တုံး တိုက်ပွဲလုပ်ပြီး စိုက်ပျိုးထားတဲ့ နေရာမှာ ပေါင်းပေါက်ဖို့ တောင် သူတွေ စုနေတုန်း ရဲတွေရောက် လာပြီး သေနတ်နဲ့ ပစ်တာ။ သူတို့ က သေနတ်ချိန်ပြီးပစ်တာ။ အမျိုး သမီးတစ်ယောက်ခြေသလုံးမှာ သေနတ် မှန်သွားတယ်’’ ဟု ညောင်ဝန်းကျေးရွာမှ ထွန်တုံး တိုက်ပွဲဆင်နွှဲရာတွင် ပါဝင်ခဲ့ သည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးသေနတ်မှန် ခံရပြီး အင်အား ၅၀ ခန့်ရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ရွာသူရွာ သား ၂၀၀ ခန့်က ၀ိုင်းထားခဲ့ကြောင်း၊ နေ့လယ်တွင် ညောင်ဝန်းကျေး ရွာ ရွာဦးဘုန်းတော်ကြီးကျောင်း က ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ကို ခေါ်ယူညှိနှိုင်းပေးနေကြောင်း ညောင်ဝန်းကျေးရွာသို့ ခရိုင်ရဲ တပ်ဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့မှူးများ ပါ ရောက်ရှိနေပြီး ညနေ ၅နာရီ ကျော်ချိန်အထိ ရွာဦးဘုန်းကြီး ကျောင်းဝင်းအတွင်း ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ဒေသခံတောင်သူ များကပြောသည်။

တောင်သူများ၏ တပ်သိမ်း မြေပြန်ရရေး ထွန်တုံးတိုက်ပွဲဆင် နွှဲမှုအပေါ် ဖြေရှင်းပေးမှုမရှိဘဲ ယခုကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်နှိမ် နင်းမှုအတွက် မည်သူ့အမိန့်ဖြင့် လုပ်ဆောင်သည်ကို သိရှိလို ကြောင်း တောင်သူများက ပြော သည်။

ခြေထောက်တွင် ဒဏ်ရာ ရရှိထားသော အမျိုးသမီးတစ်ဦး မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ လာသည်မှာ ဟုတ်မှန်ကြောင်း၊ ၎င်းအမျိုးသမီးကို ခွဲစိတ်ကုသနေ ပြီး စိုးရိမ်စရာမရှိကြောင်း ဆေးရုံ ကြီးမှ ဆေးလူမှုဆက်ဆံရေးတာ ၀န်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

စဥ့်ကူးမြို့နယ် ညောင်ဝန်း ကျေးရွာမှ ဒေသခံတောင်သူများ ဓားမဦးချလုပ်ကိုင်ခဲ့သော မြေ ယာဧက ၃၀၀၀ ကျော်ကို မန္တ လေးနန်းတွင်းတပ်က သိမ်းယူခဲ့ပြီး ၁၉၉၅ ခုနှစ်ခန့်မှစတင်ကာ ဂရိတ်ဝေါကုမ္ပဏီအား ကြံစိုက်ပျိုးရန် ပြန်လည်သီးစားချထားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယင်းတပ်သိမ်းမြေများ ပြန်ရရေးတောင်သူများက ထွန်တုံးတိုက်ပွဲများ ဆင်နွှဲနေပြီး ယခုအခါ တားမြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် တောင်သူများ ရုန်းရင်းဆန် ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။ ညောင်ဝန်းကျေးရွာသည် မန္တ လေးမြို့နှင့် မိုင် ၄၀ ၀န်းကျင်ခန့် အကွာ မန္တလေး-သပိတ်ကျင်း ကားလမ်းဘေးတွင် ရှိသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment