Pages

Saturday, August 16, 2014

အူရီးဒူးက အင်တာနက် အသုံးပြုခ နှုန်းထားများ ထုတ်ပြန်

RangonNewsDaily:: August . 16 .2014
အူရီးဒူးမြန်မာက ယနေ့ သြဂုတ် ၁၅ ရက်မှစ၍ မြို့ပေါင်း ၆၈ မြို့အတွက် ဆင်းမ်ကတ် ခုနစ် သန်းကျော် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ရဲ့ ဆင်းမ် ကတ်တွေကို ၁၅ ရက် မနက်ပိုင်း မှာ ငွေဖြည့်ပြီးစတင်အသုံးပြုနိုင် ပါပြီ။ ဆင်းမ်ကတ်အတွင်းမှာ အင်တာနက်သုံးနိုင်ဖို့ 10MB ကို အခမဲ့ ထည့်ပေးသွားမှာဖြစ်ပါ တယ်’’ဟု အူရီးဒူးမြန်မာ၏ ဈေး ကွက်မိတ်ဆက်ပွဲတွင် အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောသည်။

ဖုန်းပြောဆိုခ အနေဖြင့် အူရီးဒူးအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ် ၂၅ ကျပ်၊ အခြားဖုန်းသို့ခေါ်ဆိုပါက တစ်မိနစ် ၃၅ ကျပ်နှင့် မည်သည့်ကွန်ရက်မဆို SMS တစ်စောင်လျှင် ၂၅ ကျပ် ကျသင့်မည်ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သည်။

အူရီးဒူးက အင်တာနက်အသုံးပြုခ Plan သုံးမျိုးရှိပြီးဖေ့စ်ဘွတ်ခ်ကိုအချက်အလက်စီးဆင်းမှုပမာဏအလိုက် အခမဲ့အသုံးပြုခွင့်ပေးထားမည်။

အူရီးဒူးမြန်မာ၏ အင်တာ နက်အသုံးပြုခများမှာ တစ်ရက် လျှင် အင်တာနက် 30MB အသုံးပြုခွင့်အတွက် ၅၀၀ ကျပ်၊ (Facebook 20 MB အခမဲ့အသုံးပြုခွင့်) ၊ တစ်ပတ်လျှင် 200MB အင်တာနက် အသုံးပြုခွင့်အတွက် ၃၀၀၀ ကျပ် (Facebook 120MB အခမဲ့အသုံးပြုခွင့်)၊ တစ်လလျှင် အင်တာနက်အသုံးပြုခွင့် 1GB အတွက် ၁၂၀၀၀ ကျပ်(Facebook 600 MB အခမဲ့အသုံးပြုခွင့်) ဟူ၍ သတ်မှတ်ထားပြီး အသုံးပြုသူများအနေဖြင့် နှစ်သက်သည့်Plan ကို ရွေးချယ်၍ အသုံးပြုရမည်ဖြစ်သည်။

‘‘တကယ်တော့ တစ်လစာplan ၀ယ်မှ ၁၂၀၀၀ ဖိုးသုံးလို့အဆင်ပြေမယ်။ တစ်ရက်စာ၊ တစ်ပတ်စာ plan ၀ယ်လို့ ဘယ်အဆင်ပြေမလဲ။ ဆိုတော့တစ်လစာ အင်တာနက်အတွက်၁၂၀၀၀ ဖိုးနဲ့ ဖုန်းသုံးဖို့အတွက်ပါဆို အနည်းဆုံး ၂၀၀၀၀ ဖိုးဖြည့်ရမယ်’’ ဟု အင်တာနက်သုံးစွဲသူတစ်ဦးက ဆိုသည်။

ထို့အပြင်အွန်လိုင်းမှ တစ်ဆင့် Message ပို့ရုံသီးသန့်ကိုသာ အသုံးပြုလိုသူများအတွက် Viber မှတစ်ဆင့် Message ပို့ခြင်းများကို တစ်နေကုန်ပြုလုပ်နိုင်မည့် တစ်ရက်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ၀န်ဆောင်မှုကိုလည်း ပေးသွားမည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် မိမိအသုံးပြုလို သည် ပမာဏကို နံပါတ် 2238 သို့ SMS ပေးပို့နိုင်သလို *133# သို့ဆက်သွယ်၍ အသုံးပြုမည့်ပုံစံ ကို ရွေးချယ်နိုင်ကြောင်း သိရ သည်။

လက်ရှိတွင် ဈေးကွက်အ တွင်း၌ အူရီးဒူး ဆင်းမ်ကတ်များကို ဈေးတင်ရောင်းချမှုများရှိ နေသည့်အတွက် အရောင်းဆိုင် များ ဈေးပိုမရောင်းရန် တွေ့ ဆုံ၍ တွန်းအားပေးသွားမည်ဖြစ် သလို ဆင်းမ်ကတ်များကို သန်း နှင့်ချီ၍ ရောင်းချပေးမည်ဖြစ် သည့်အတွက် ဈေးပိုပေးရန် မလို ကြောင်း Ross Cormack ကဆို သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment