Pages

Saturday, August 16, 2014

Bi မွန်းတည့်နေဂျာနယ် သတင်းသမားများအာမခံမရ


RangonNewsDaily:: August . 16 .2014
ပုဒ်မ ၅၀၅(ခ)ဖြင့်တရား စွဲဆိုခံထားရသော Bi မွန်းတည့်နေ ဂျာနယ်မှ သတင်းထောက်၊ ထုတ် ဝေသူနှင့် အယ်ဒီတာငါးဦးအ တွက်အာမခံလျှောက်ထားမှုကို ပန်းဘဲတန်းတရားရုံးက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
အမှုမှာ အာမခံပေးရန် လုံ လောက်သည့်အဆင့်မဟုတ်သေး ၍ အာမခံပေးရန် စဉ်းစား၍မရ သေးကြောင်း ပန်းဘဲတန်းမြို့နယ် တရားသူကြီးက ပြောကြားခဲ့ သည်ဟု Bi မွန်းတည့်နေဘက်မှ လိုက်ပါ ဆောင်ရွက်သူ ရှေ့နေဦးကျော် ၀င်းကပြောသည်။

‘‘အာမခံရအောင် လျှောက် ခဲ့တာပဲ။ အာမခံလိုချင်လို့ ကာယ ကံရှင်ငါးဦးလက်မှတ်ထိုးပြီး လျှောက်ခဲ့တာ။ ဒါပေမဲ့ ဥပဒေဘက်ကနေ မထောက်ခံဘူးဆိုပြီး တရားသူကြီးကပြောတယ်။ ဒါက တရားရုံးရဲ့ ဆင်ခြင်တုံတရားပေါ့။ ဆိုလိုတာက တရားလိုပြသက် သေက တရားစွဲဆိုထားတဲ့တရား လိုရဲမှူးထွန်းသိန်းအပါအ၀င် ၃၇ ယောက်ဖြစ်တယ်’’ဟု ၎င်းက ပြောသည်။

ယခုအာမခံကို မြို့နယ်တ ရားရုံးတွင် ပယ်ချခံရခြင်းကြောင့် အထက်ရုံးအဆင့်ဆင့်သို့ဆက် လက်တက်ရောက်ရန်ရှိ၊မရှိကိုအ မှုသည်နှင့် တိုင်ပင်မည်ဟု ဦးကျော်ဝင်းကပြောသည်။

ထို့အပြင်စွဲဆိုခံထားရသူ ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေဦးရော ဘတ်စန်းအောင်မှာ အမှုလိုက်ပါဆောင်ရွက်ခြင်းမှ နုတ်ထွက်သွားခဲ့ပြီး၎င်းအစား တရားလွှတ်တော်ရှေ့နေဦးကျော်ဝင်းက လိုက်ပါဆောင်ရွက်ခဲ့သည်။

ပုဒ်မ ၅၀၅(ခ)မှာ အများ ပြည်သူအထိတ်တလန့်ဖြစ်စေရန် ဆူပူလှုံ့ဆော်မှုဖြစ်ပြီး ပုံမှန်အား ဖြင့် အာမခံပေးလေ့ပေးထမရှိ ကြောင်း၊ ထို့အပြင် အမှုမှာလည်း တရားလိုပြသက်သေများ မစစ် ရသေးသည့်အတွက် အာမခံမ လျှောက်ခြင်းဖြစ်ကြောင်း အမှုမှ နုတ်ထွက်လိုက်သူ တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်း အောင်ကပြောသည်။

‘‘ကျွန်တော်က တရားလိုပြ သက်သေတွေ မစစ်ရသေးလို့ အာမခံကို လောလောဆယ်မ လျှောက်သေးဘူးလို့ အမှုသည် တွေကိုပြောပါတယ်။ ဒါပေမဲ့အမှု သည်တွေက အာမခံလျှောက်ဖို့အ တွက် ပြောလာတဲ့အပြင်တခြား ရှေ့နေတစ်ယောက်လည်း ငှား လိုက်တဲ့အတွက် ကျွန်တော်အမှု ကနေ Withdraw နုတ်ထွက်လိုက် တာဖြစ်ပါတယ်’’ဟုဦးရောဘတ် စန်းအောင်ကပြောသည်။

ဇူလိုင် ၇ရက်ထုတ် Bi မွန်း တည့်နေဂျာနယ်တွင် ဒေါ်အောင် ဆန်းစုကြည်အားသမ္မတအဖြစ် ကြားဖြတ်အစိုးရတင်မြှောက် ကြောင်း MCDFအဖွဲ့ထုတ်ပြန်ဟု သတင်းရေးသားမှုကြောင့် သ တင်းထောက်နှင့်အယ်ဒီတာသုံး ဦး၊ ထုတ်ဝေသူနှစ်ဦးတို့ကို အရေး ပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ဃ) (ည)ဖြင့် ရဲအထူးသတင်းတပ်ဖွဲ့ က တရားလိုပြုလုပ်၍ တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်ရုံး ထုတ်အပြီးတွင် အယ်ဒီတာကိုရဲ မင်းအောင်ကို အမှုမှ လွှတ်ပေးခဲ့ ပြီး ပုဒ်မကိုလည်း ၅၀၅(ခ)သို့ ပြောင်းလဲခဲ့သည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment